သက်မွန်မြင့်ရဲ့ ရုံတင်ဇာတ်ကားသစ်ကို မျှော်နေကြတဲ့ ပရိသတ်တွေအတွက် "သခင်ကြီးနှင့်ငါးပိတို့စရာ" ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာပဲ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။"သခင်ကြီးနှင့်ငါးပိတို့စရာ" ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ စတီးလ်က ရိုက်ကူးပုံဖော်ထားပြီး အကယ်ဒမီ သက်မွန်မြင့်၊ ထွန်းကိုကို၊ ရွှေသမီး၊ နေရဲ၊ မင်းခ၊ သိန်းလင်း၊ ဇင်ဝိုင်း၊ နိုင်လူ စတဲ့ သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
"သခင်ကြီးနှင့်ငါးပိတို့စရာ" ရုပ်ရှင်ဇာတ်ကားကြီးက မင်းသမီးအဓိက ဇာတ်လမ်းမျိုးဖြစ်လို့ သက်မွန်မြင့်ရဲ့ နောက်ထပ်အကယ်ဒမီမှတ်တိုင်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ "သခင်ကြီးနှင့်ငါးပိတို့စရာ" ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာလ (၃၁) ရက်နေ့မှာ ရုံတင်ပြသမှာမို့ ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲနော်။
Rowena credit-momolay.com
Source: သခင်ကြီးနှင့်ငါးပိတို့စရာ