Breaking

Wednesday, October 23, 2019

ရွှေတံဆိပ်ဆု လက်ခံယူအပြီး သတိဆွဲပြီး နိုင်ငံတော်သီချင်းဆိုနေတဲ့ သက်ထားသူဇာရဲ့ ဆုလက်ခံယူနေပုံ Video ဖိုင်

 ရွှေတံဆိပ်ဆု လက်ခံယူအပြီး သတိဆွဲပြီး နိုင်ငံတော်သီချင်းဆိုနေတဲ့ သက်ထားသူဇာရဲ့ ဆုလက်ခံယူနေပုံ Video ဖိုင်



Egypt International 2019 မှာ ဝေးလ်နိုင်ငံသူ လက်ရွေးစင် အားကစားမယ်ကို အနိုင်ယူပြီးတော့ နှစ်ထပ်ကွမ်းချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နေတာ

မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ်လေး သက်ထားသူဇာ ဖြစ်ပါတယ်။ သူမဟာ ယခုနှစ်အတွင်း UGANDA INTERNATIONAL၊ KENYA INTERNATIONAL၊

FLEET MAURITIUS INTERNATIONAL၊ BENIN INTERNATIONAL၊ COTE D’IVOIRE INTERNATIONAL စသည့်ပြိုင်ပွဲများတွင်လည်း ချန်ပီယံဆုများစွာကို ရရှိထားပါသေးတယ်။ယခုလို ဂုဏ်ဆောင်နိုင်ခဲ့လို့လည်း မြန်မာနိုင်ငံက ပရိတ်သတ်ကြီးဟာ သက်ထားသူဇာမှ သက်ထားသူဇာ ဖြစ်နေပါတယ်။ ယခုတင်ဆက်ပေးမယ့် ဗီဒီယိုဖိုင်လေးကတော့ကမ္ဘာ့ချန်ပီယံကို ကာကွယ်ပြီး ဆု လက်ခံရယူနေတဲ့ သက်ထားသူဇာလေးရဲ့ ဖိုင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် အခုလို ကျိုးစားနေကြတဲ့ သူမအတွက် ပရိတ်သတ်ကြီးလည်း သူတို့အတွက် ဂုဏ်ယူမိမှာ အမှန်ပါပဲ။ မြန်မာနိုင်ငံရဲ့ အားကစားလောကဟာ မှေးမှိန်နေတယ်လို့

ဆိုရပေမယ့်လည်း သူမဟာ မြန်မာ့အားကစားလောကကို အရောင်ထွက်ပေါ်စေခဲ့ပါတယ်။ကဲ ပရိတ်သတ်ကြီးရေ ……. သက်ထားသူဇာလေးရဲက ဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးပါဦးနော်။မြန်မာနိုင်ငံဟာ ကမ္ဘာ့ချန်ပီယံဖြစ်တဲ့အတွက် ဆုယူတဲ့အခါမှာလည်း ပထမဆုရရှိတဲ့ နိုင်ငံရဲ့ သီချင်းကိုပဲ တီးမှုတ်တာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကြည့်ရင်း သက်ထားသူဇာလေးကို ချီးကျူးမိတာ အမှန်ပါပဲ။ကိုယ့်နိုင်ငံသီချင်းကို ကမ္ဘာ့အလယ်မှာ လွှင့်ပျံစေပါတယ်။ အားပေးခံစားကြည့်ပါဦးနော် ပရိတ်သတ်ကြီး…………..။

Writer – ME( Shwe Yaung Lan ).crd.
video source-Myanmar Online News

POPULAR POSTS

ads