သူမရဲ့ အနုပညာသက်တမ်းဟာလည်း ဆယ်စုနှစ်ကျော်တိုင်ခဲ့ပြီဖြစ်ပြီး ယနေ့ချိန်ထိ ပရိသတ်တွေက ချစ်ခင်အားပေးနေရတဲ့ ထိပ်တန်းမင်းသမီး တစ်လက်အဖြစ်ရပ်တည်လျက် ရှိနေတာပါ။ စူစူရဲ့ ကြော်ငြာလေးတွေဟာလည်း ကြည့်ရှုသူပရိသတ်တွေကို အခါခါပြန်ကြည့်ရလောက်အောင် ဆွဲဆောင်နိုင်လွန်းသူပါ။ အခုလတ်တလောမှာလည်း " ဆုံဆည်းခွင့် " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကို သရုပ်ဆောင်ပေါင်းများစွာနဲ့ ရိုက်ကူးနေတာပါ။ ဒီရုပ်သံဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင် ခင်လှိုင်ရဲ့သမီးချောလေးဖြစ်တဲ့ သဇင်ထူးမြင့်နဲ့အတူ ပထမဆုံးရိုက်ကူးခြင်းပါ။
အခုမှာလည်း ရှုတင်အားလပ်ချိန်လေးမှာ ကလေးတစ်ယောက်လို မုန့်တွေအများကြီးစားပြီး ပျော်ရွှင်မြူးတူးနေတဲ့ အိချောပိုကို ဆေးထိုးထားတဲ့ ဗီဒီယိုလေးပါ။ စူစူကတော့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း " နဲနဲလေးစားတာပါနော်." ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။
Source - Ei Chaw Po's Facebook
credit-myanmarload