Breaking

Friday, October 25, 2019

လူမျိုးရေးခွဲခြားတယ်လို့ ဝေဖန်ခံရမှု အပေါ်အကောင်းဆုံးပြန်လည်ဖြေရှင်းပေးခဲ့တဲ့ အဆိုတော် X Box

 Rap အဆိုတော်တွေထဲက နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ X Box ဟာ Rap စာသားအလန်းတွေနဲ့ သီချင်းတွေကိုသီဆိုနေသူတစ်ဦးပါ။ လက်ရှိမှာတော့ မိသားစုနဲ့ အတူ New York မြို့ကို အလည်အပါတ် ရောက်ရှိနေတာလည်းဖြစ်ပါတယ်။







 ဒီပုံမှာပါတဲ့ စာသားလေးကြောင့်ပါ
New York မြို့မှာ လျှောက်လည်ရင်းနဲ့ အောက်တိုဘာ (၂၃) ကတင်လိုက်တဲ့ ပုံတွေထဲက ပုံတစ်ပုံနဲ့ ပုံရဲ့ခေါင်းစဉ်ကြောင့် အနည်းငယ် နားလည်မှု လွဲသွားခဲ့ပြီး ပရိသတ်အချို့ရဲ ဝေဖန်မှုကိုခံခဲ့ရတာပါ။ ပရိတ်သတ်နဲ့ အနုပညာရှင်အကြား ပဋိပက္ခ အနည်းငယ်လဲ ဖြစ်ပွားခဲ့ကာ X Box က screenshot တွေတင်ခဲ့တာလဲဖြစ်ပါတယ်။ပရိသတ် အချို့က အခုလို မန့်ခဲ့တာလဲဖြစ်ပါတယ်အောက်တိုဘာ (၂၄ ) ရက်မနက်မှာတော့ ပိုစ့်တွေကိုပြန်ဖျက်လိုက်ပြီး 'မိတ်ဆွေတို့ ဂုဏ်သိက္ခာ ထိခိုက်မှာစိုးလို့ ပြန်ဖျက်လိုက်ပါပြီ နိုးနိုးချင်းစိတ်မြန်သွားလို့ ခွင့်လွှတ်ပေးပါ' ဆိုပြီး ပရိသတ်တွေကိုတောင်းပန်ခဲ့ပါတယ်။ သူဟာလူမျိုးရေးခွဲခြားသူမဟုတ်ကြောင်းကိုလဲ ပြန်လည်ရှင်းပြခဲ့ပါတယ်။

လတ်တလောမှာတော့ X Box က 4 Reunion အဖွဲ့ ဝင်တွေ ဖြစ်တဲ့ ရွှေထူး၊ ထက်ယံ၊ Lil'Z တို့နဲ့အတူ အောက်တိုဘာ(၁၃) ရက်နေ့ကဖျော်ဖြေခဲ့ပြီး ပရိသတ်အားပေးမှုအထူးရရှိခဲ့ပါတယ်။
မိုမိုလေး ပရိသတ်တွေရော X Box ရဲ့ သီချင်းတွေကြိုက်ကြရဲ့လားဗျ။

Ref:X Box
LeoThT
credit-momolay.com

POPULAR POSTS

ads