ပရိသတ်တွေ အရမ်းကို ချစ်ခင်အားကျရတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် Ah boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့နှစ်ဦးကတော့ အရမ်းကို ချစ်စရာကောင်းတဲ့ သမီးလေးတွေနဲ့အတူ ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပါ။ ခရီးသွားနေရရင်ကို ပျော်နေတဲ့ Ah Boy တို့ စိတ်တူကိုယ်တူ ဇနီးမောင်နှံကတော့ လတ်တလောမှာလည်း အရမ်းကို လှရက်လွန်းတဲ့ ခရီးသွားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘဝအမောတွေပြေဖို့ ကိုယ်ချစ်ရတဲ့သူတွေနဲ့ ခရီးသွားပါဆိုတဲ့ Ah Boy ကတော့ ခရီးထွက်ရင်း အရမ်းကို ပျော်နေတာပါနော်။
Ah Boy ကတော့ "အချစ်နဲ့ခရီးသွားပါ ဆိုသည်မှာ ကိုယ်ချစ်တဲ့သူတွေနဲ့ ခရီးသွားခြင်းပါ❤️ဘဝရဲ့ ပျော်ရွှင်စရာအချိန်တွေကို ကိုယ့်ရဲ့ချစ်ရတဲ့သူ၊ မိဘ၊မောင်နှမ ၊မိသားစု၊ သူငယ်ချင်းတွေမိတ်ဆွေတွေနဲ့ ခရီးလေးတွေထွက်ကြည့်ကြပါလို့ အမှတ်တရလေးအဖြစ်ပေါ့ ❤️ဘဝရဲ့ အမောလေးတွေ ခဏတာတော့ မေ့ပျောက်သွားပါလိမ့်မယ် ❤️" ဆိုပြီး ဘဝအမောတွေ မေ့ပျောက်သွားအောင် ချစ်ရသူတွေနဲ့ ခရီးသွားပါလို့ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။တစ်ယောက်တစ်မျိုးစီနဲ့ အရမ်းဂေါ်နေတဲ့ Ah Boy တို့ ဇနီးမောင်နှံ...။
အဆိုတော် Ah Boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ လက်ထပ်မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၂)နှစ်နီးပါး ရှိနေပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်ရသူတွေနဲ့ ခရီးအတူသွားဖို့ တိုက်တွန်းလိုက်တဲ့ Ah Boy တို့ ဇနီးမောင်နှံကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
crd-(momolay)Myint Myat
Source;Our Travel Diaries's Facebook
Thursday, November 28, 2019
ဘဝအမောတွေပြေဖို့ ကိုယ်ချစ်ရတဲ့သူတွေနဲ့ ခရီးသွားပါဆိုတဲ့ Ah Boy
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity