Breaking

Wednesday, November 13, 2019

နွားကျောင်းသူ Album စာနယ်ဇင်းမိတ်ဆက်ပွဲမှာ တွေ့ရတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ပုံရိပ်များ

 ဝိုင်းစုဟာ အဆိုတော်တစ်ယောက်အနေနဲ့ ဂီတလောကမှာအောင်မြင်နေရုံသာမက ရုပ်ရှင်လောကမှာလည်း နာမည်ရကျော်ကြားနေတဲ့ အနုပညာရှင်လေးတစ်ဦးပါ။ ဝိုင်းစုဟာ သူမရဲ့ အသံပါဝါကောင်းနဲ့ ချစ်ဖို့ကောင်းတဲ့ ရုပ်ရည်လေးကြောင့် ပရိသတ်တွေက ချစ်ခင်ကြသလို ထွက်ရှိထားတဲ့ သီချင်းတော်တော်များဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားကျော်ကြားနေတာလည်းဖြစ်ပါတယ်။

 အခုအခါမှာတော့ ဝိုင်းစုဟာ သူမရဲ့ (၇) ခွေမြောက် album အသစ်ဖြစ်တဲ့ 'နွားကျောင်းသူ' album ကိုထုတ်ဝေခဲ့တာလည်းဖြစ်ပါတယ်။ ဒီ နွားကျောင်းသူ Album စာနယ်ဇင်းမိတ်ဆက်ပွဲကို နိုဝင်ဘာ ၁၃ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီး ဒီ album မိတ်ဆက်ပွဲကို ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ ဖေ့ဘုတ်ကနေမျှဝေခဲ့တာလည်းဖြစ်ပါတယ်။ဝိုင်းစုရဲ့ နွားကျောင်းသူ Album စာနယ်ဇင်းမိတ်ဆက်ပွဲက ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်



ဝိုင်းစုဟာ အနုပညာအလုပ်ကို တစိုက်မတ်မတ်လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း အဆိုတော်ဖြစ်သူ အောင်လနဲ့ ပရိသတ်တွေလေးစားအားကျတဲ့ ချစ်သူဘဝကိုတည်ဆောက်ထားတာလည်းဖြစ်ပါတယ်။အနုပညာအလုပ်ကိုတစိုက်မတ်မတ်လုပ်ကိုင်နေပြီး ဖျော်ဖြေပွဲတွေကိုလည်း သီဆိုဖျော်ဖြေနေသူဖြစ်ပါတယ်။ နွားကျောင်းသူ Album စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ပါဝင်ကူညီဆောင်ရွက်ပေးကြတဲ့ သူတွေကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ ဖေ့ဘုတ်ကနေမျှဝေ ပြောပြခဲ့တာလည်းဖြစ်ပါတယ်။
မိုမိုလေးပရိသတ်တို့ရော ပရိသတ်ချစ်ခင်အားပေးတဲ့ မင်းသမီးချောလေး ဝိုင်းစုကိုချစ်ကြရဲ့လားဗျ။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှ ကျေးဇူးတင်ရှိပါတယ်။

Ref: Wyne Su Khaing Thein
Leo

POPULAR POSTS

ads