Breaking

Wednesday, November 20, 2019

” အအောင်မြင်ဆုံး Birthday Show ပွဲကြီးကို ဆက်လုပ်သင့်မလုပ်သင့် တွေဝေနေတဲ့ စိုင်းစိုင်း “

 မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး Show ပွဲကြီးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ပွဲကြီးကတော့ ပရိသတ်အင်အားအတောင့်တင်းဆုံး ပွဲတစ်ခုပဲဖြစ်ပါတယ်။လက်ရှိမှာတော့ စိုင်းစိုင်းဟာ Birthday Show ပွဲကြီးကို “ဒီရက်ပိုင်းကျနော့်စိတ်ထဲမယ် ဆုံးဖြတ်ရခက်နေတာက Birthday Show တွေ ဆက်လုပ်ရမလားဆိုတာပါ။၂၀၀၄ ခုနှစ်က စတင်ခဲ့တဲ့ SAISAI BIRTHDAY SHOW တွေဟာ အခုဆိုရင် (၁၅) နှစ်တောင်လုပ်ပြီးခဲ့ပြီ တစ်နှစ်ပြီးတစ်နှစ် နောက်နှစ်ကျရင် ဘာလုပ်မယ်ကွ ဆိုပြီး စိတ်ကူးယဉ် လုပ်ချင်တာအကုန်လုပ် သူငယ်ချင်းတွေဒုက္ခပေးနဲ့

 ဖျော်ဖြေတဲ့စက်ကိရိယာ အပြင်အဆင်တွေ တိုးတက်ပြောင်းလဲလာ ပွဲနေရာတွေလည်းပြောင်းလာ ကျနော့်ပရိသတ်တွေရဲ့ သံယောဇဉ်ကတော့ (၁၅) နှစ်လုံးလုံး ဒီအတိုင်းပဲ ပိုလို့တောင် နှောင်ဖွဲ့တိုးလို့ ထင်ရ (၁၅) နှစ် ကြာခဲ့ပြီ ဘာဆက်လုပ်ရမလဲ ” ဆိုပြီး သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဆက်လုပ်သင့်မလုပ်သင့် တွေဝေနေရတဲ့အကြောင်းကို ဖော်ပြထားပါတယ်။စိုင်းစိုင်တစ်ယောက်ကတော့ သူဝေခွဲရခက်တဲ့ အကြောင်းကို ပရိသတ်တွေဆီမှ “ပရိသတ်များ ကျနော့်ကို ဘယ်လို အကြံပေးချင်ပါသလဲ။စိုင်းစိုင်းရှိုးလာရတာ ပျင်းနေပြီလား တခါမှ ဘဒ်ဒေးရှိုးမကြည့်ဖူးလို့ ကြည့်ဖို့ အားခဲနေတုန်းလား အမြဲတမ်းလာတယ် ဒါပေမယ့်ထပ်လာချင်သေးတယ် ဆိုတာမျိုးလား တော်ပါပြီကွာလို့များ ပြောမှာလား ကျနော်အမှန်အတိုင်း သိချင်ပါတယ်။ကျနော့်ပရိသတ်တွေ အားလုံး ဖြေပေးပါ ။

ခါတိုင်း post တွေမှာ နောက်ပြောင်နေကျ မိတ်ဆွေများလည်း ဒီတခါ အလေးအနက် မေးတဲ့မေးခွန်းဖြစ်တဲ့အတွက် စေတနာနဲ့ ဖြေကြားပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ မေတ္တာရပ်ခံကာ အကြံတောင်းထားပါသေးတယ်။ပရိသတ်ကြီးထဲမှာရော စိုင်းစိုင်းရဲ့ Birthday Showပွဲကြီးကို သွားရောက်အားပေးတဲ့သူလေးတွေရှိကြလား။ပရိသတ်တွေကတော့ Birthday Showပွဲကြီးကို ဆက်လုပ်ဖို့သာ အကြံပေးနေကြတာလည်းဖြစ်ပါတယ်။Source: Sai Sai Kham Leng,CRD-Cele Gabar

POPULAR POSTS

ads