Breaking

Tuesday, November 12, 2019

ရာဇဝင်ထဲက တရုတ်မင်းသားနဲ့ မင်းသမီးလေးလို လိုက်ဖက်ညီနေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

 နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့စုံတွဲလေးက ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားသူ တစ်ဦးပါ။ ရွှေထူးကလည်း အဆိုလောကမှာ အောင်မြင်သလို ရွှေမှုံရတီကလည်း သရုပ်ဆောင်လောကမှာ ဒိတ်ဒိတ်ကြဲ မင်းသမီးလေးဖြစ်တာကြောင့် သူတို့ ဇနီးမောင်နှံက နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်သူတွေ ဖြစ်ကြပါတယ်။


 ရွှေထူးနဲ့ ရွှေမှုံရတီက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ရွှေထူးက သူနဲ့ ရွှေမှုံရတီတို့ရဲ့ pre wedding မှ အမှတ်တရ ပုံရိပ်တွေကို အမှတ်တရအနေနဲ့ မျှဝေထားပါတယ်။ မိုမိုလေးပရိသတ်အတွက် ရွှေနှစ်ရွှေရဲ့ ကြည်နူးစရာ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ရွှေထူးနဲ့ ရွှေမှုံရတီက တရုတ်နန်းတွင်းထဲက မင်းသားနဲ့ မင်းသမီးလေးလို ဝတ်ဆင်ထားပြီး အရမ်းကို လိုက်ဖက်ညီနေတာပဲ ဖြစ်ပါတယ်။

ရွှေထူးက "အမည်းကောင် တရုတ်လို ရိုက်သောအခါ...  Photoshop ကြောင့်အသားတွေဖြူနေပါကြောင်း...  " ဆိုပြီး သူ့ကိုယ်သူ စနောက်ထားပါတယ်။ရွှေထူးနဲ့ ရွှေမှုံရတီကတော့ တကယ့် တရုတ်စုံတွဲလေးလို ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ  ကျေးဇူးအထူးတင်ပါတယ်။

Rowena
Source: Shwe Htoo's fb
Photo: Forever Wedding Studio

POPULAR POSTS

ads