ချစ်စရာကောင်းပြီး သွက်လက်လွန်းတဲ့ မင်းသမီးချောလေး ချစ်သုဝေက သရုပ်ဆောင်ကောင်းရုံသာမက စိတ်ထားလေးလည်း ဖြူစင်ပွင့်လင်းသူမို့ ပရိသတ်တွေက သဘောကျနေရတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေက ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို မွေးဖွားပြီးတဲ့နောက်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့ပဲ အခြား ပွဲတက်နဲ့ ကြော်ငြာတွေကိုသာ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချစ်သုဝေကိုချစ်တဲ့ ပရိသတ်တွေက သူမရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ်။
အမြဲတမ်းလိုလို ရိုးရိုးယဉ်ယဉ်လေးသာ တွေ့ရတတ်တဲ့ ချစ်သုဝေကို ဒီတစ်ခေါက်မှာလည်း ကြိမ်တောင်းနဲ့ ပလိုင်းနဲ့ ကို ဂုဏ်ယူစွာ ကိုင်ဆောင်ပြီး ပွဲတက်ခဲ့တဲ့ အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။
"အောင်မြင်ပြီးနောက်ပိုင်း ဘရမ်းဒတ် စတန်းဒတ် အိတ်တွေပဲကိုင်တယ်။ ဖိနပ်ဆိုလည်းဒီတိုင်းပဲ လည်ပြန်ငေးနေစေရမယ်။ စတိုင်တွေကိုလေ...."
"(ဘေးကလူပြောတာလေး ကြွေသွားလို့....ဟာ မင်းသမီးက ကြိမ်တောင်းနဲ့ပလိုင်းနဲ့တဲ့😂😂😂😂) ဒါတောင် ခရီးတွေသွားရင် တစ်မြတ်တစ်နိုးလွယ်တဲ့ ကျုပ်လွယ်အိတ်ကိုမမြင်သေးဘူး🤪🤪🤪🤪🤪" ဆိုပြီး သူမရဲ့အကြောင်းကို ပြောပြလာပါတယ်။ချစ်သုဝေကတော့ ဘယ်အချိန်ကြည့်ကြည့် ရိုးရှင်းစွာ လှနေတာပဲနော်။ ပရိသတ်ကြီးလည်း ချစ်သုဝေရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို သဘောကျ ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Chit Thu Wai's fb
Thursday, November 14, 2019
Home
/
Celebrity
/
မင်းသမီးဖြစ်ပေမယ့် ကြိမ်တောင်းနဲ့ ပလိုင်းလေးကို ဂုဏ်ယူစွာကိုင်ဆောင်ခဲ့တဲ့ ချစ်သုဝေ
မင်းသမီးဖြစ်ပေမယ့် ကြိမ်တောင်းနဲ့ ပလိုင်းလေးကို ဂုဏ်ယူစွာကိုင်ဆောင်ခဲ့တဲ့ ချစ်သုဝေ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity