Breaking

Monday, November 11, 2019

အားလပ်ရက်မှာ ချစ်ရတဲ့တူလေးနဲ့ သာသာယာယာ အနားယူနေတဲ့ ဝတ်မှုံရွှေရည်

 ပရိသတ်တိုင်းချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် အသက်သုံးဆယ်ကျော်အရွယ်မှာ အေယင်မြင်မှုတွေ အထိတ်အထိပ် ရောက်ရှိနေတာဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အိမ်ထောင်မပြုသေးပဲ ချစ်ရတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ နေထိုင်ရင်း အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေလျက် ရှိပါတယ်။

 လက်ရှိ တန်ဆောင်တိုင်ပိတ်ရက်လေးမှာတော့ တစ်ဦးတည်းသော ညီမလေး နဒီရွှေရည်တို့ မိသားစုနဲ့ နေပြည်တော်မှာ အနားယူနေတာ ဖြစ်ပါတယ်။ဝတ်မှုံရွှေရည်က နဒီရွှေရည်ရဲ့သားလေးကိုလည်း အနီးကပ် အချိန်ပေးရင်း ပိတ်ရက်လေးကို အကျိုးရှိရှိ အနားယူ အပန်းဖြေနေတာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က ပိတ်ရက်မှာ အနားယူပြီး ရှေ့ဆက်ပြီး "တစ်ဦးတည်းသော ကဣိယ"၊ "ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်"၊ လိပ်ပြာစံအိမ် ၂" စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်လက် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ဝတ်မှုံရွှေရည်ကတော့ တစ်ဦးတည်းသော တူလေးကို ထိန်းကျောင်းနေရင်း အားလပ်ရက်လေးကို ကုန်ဆုံးနေတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Wutt Hmone Shwe Yi & Nadi Shwe Yii's ig

POPULAR POSTS

ads