ရူးခါနေအောင်မိုက်တဲ့ ဘော်ဒီအချိုးအစားကြောင့် ပုရိသတွေရဲ့နှလုံးသားကိုအပိုင်သိမ်းထားနိုင်တဲ့ ခေးကြီးလုလို့ချစ်စနိုးခေါ်ကြတဲ့ ကချင်တိုင်းရင်းသူလေး လုလုအောင်ကတော့ အမြဲလိုလို သူမရဲ့အလှအပကို ယုံကြည်မှုရှိစွာ ချပြတတ်သူတစ်ဦးပါ။ လတ်တလောမှာတော့ ခေးကြီးက ပရိသတ်တွေ အသည်းတယားယား ဖြစ်သွားစေမယ့် ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်တွေကို ဖေ့စ်ဘုတ်ပေါ်မှာတင်ထားတာ တွေ့ရပါတယ်။ ပရိသတ်တွေအရမ်းချစ်ကြတဲ့ ခေးကြီးကတော့ ဘယ်လိုနေနေ အရမ်းကို ကြည့်လို့ကောင်းပါတယ်နော်။
ခေးကြီးလုကတော့ "ဘွက ချောလာ လိုက် ချစ်ချာကောင်းလာလိုက်နဲ့ တော်တော် စိတ်ပျက်လာဘာဘီနော် 😔" ဆိုပြီး သူမရဲ့ ရင်ခုန်ချင်စရာ ပုံရိပ်တွေနဲ့အတူ ချစ်စရာကောင်းအောင် ပြောထားတာပါ။အသည်းယားဖွယ်ကောင်းအောင် ချစ်ဖို့ကောင်းလွန်းတဲ့ လု....
ခေးကြီးလုကတော့ ချစ်စရာကောင်းတဲ့သမီးလေးတစ်ဦးကိုပိုင်ဆိုင်ထားပြီး Single Mother အဖြစ်နဲ့ဘဝကိုအောင်အောင်မြင်မြင်ဖြတ်သန်းနေတာပါ။ ပရိသတ်တွေ အရမ်းစိတ်ဝင်စားနေကြတဲ့ ခေးကြီးလုရဲ့အချစ်ရေးသတင်းကတော့ အခုအချိန်အထိ ငြိမ်သက်နေဆဲပါပဲ။ ခေးကြီးလုကိုချစ်ကြတဲ့ မိုမိုလေးချစ်ပရိသတ်တွေလည်း like & share လုပ်သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source:Lu Lu Aung's Facebook