ပရဟိတ မင်းသမီးလို့ တင်စားခေါ်ဝေါ်ရလောက်အောင် ပရဟိတစိတ်ဓာတ်ပြင်းထန်သူ ခိုင်နှင်းဝေက "ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း" နဲ့ "ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ" တို့ကို ဖွင့်လှစ်ထားသူတစ်ဦးပါ။ ခိုင်နှင်းဝေက ချစ်စရာကောင်းတဲ့ သမီးလေး ရွှန်းရတီခိုင်ကို မွေးစားထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခိုင်နှင်းဝေက သူမဘဝကိုသူမ ကျေနပ်တဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။
"အမေနဲ့ရော၊ သမီးလေးရွှန်းရွှန်းရောနဲ့က ရန်ကုန်မှာဆို ဘယ်မှမသွားဖြစ်ဘူးလေ။ မိုးလင်းတာနဲ့ ဂေဟာ သား,သမီးတွေဆီသွားရ တခြားအလုပ်ကိစ္စတွေလုပ်ရနဲ့ အခုလိုရုပ်ရှင်ရိုက်ရင်းဆိုတော့ အမေလဲစိတ်လက်အပမ်းဖြေနိုင်အောင် သမီးလေးနဲ့လဲ မရောက်ဖူးသေးတဲ့နေရာတွေပို့ပေးချင်တာနဲ့ ခေါ်သွားဖြစ်တယ်။""ရွှန်းရွှန်းတို့ပျော်ချက် ပြန်မယ်တခွန်းမပြောဘူးလေ။ ခါတိုင်းက အိမ်ထဲပဲနေရတာဆိုတော့ အခုလိုခေါ်သွားတော့သူ့မှာ အသစ်ဆန်းတွေဖြစ်ပြီး ပျော်နေတာ ဓာတ်ပုံတွေလဲအရိုက်ခံတယ် ဂျီလဲမကျဘူး။"
"ကျမတို့လိုချင်တဲ့ တခုတည်းသော ဆန္ဒဖြစ်တဲ့ ဘဝမှာအပူအပင်မရှိ အေးအေးချမ်းချမ်းနဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နေရပြီဆိုတော့ ကိုယ့်ကိုယ်ကိုလဲကျေနပ်တယ်။ အတွေးတွေထဲရော,စိတ်ထဲရော ကလေးတွေအတွက်ပဲစဉ်းစားနေရတဲ့အတွက် ကျမဘဝရဲ့နေ့ရက်တွေတိုင်းက ကျမအတွက်တော့ တန်ဖိုးရှိတဲ့အချိန်တွေပါပဲ။" ဆိုပြီး ပြောလာပါတယ်။ခိုင်နှင်းဝေကတော့ တန်ဖိုးထားလေးစားရတဲ့ မိခင်၊ ချစ်ရတဲ့ သားသမီးတွေနဲ့ ပြည့်စုံ အေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးလည်း စည်းစိမ်ချမ်းသာတွေထက် ပိုပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို အစဉ်အမြဲ ပိုင်ဆိုင်နိုင်ကြပါစေနော်။
Rowena
Source: Khine Hnin Wai's fb
Tuesday, November 12, 2019
တစ်ခုတည်းသောဆန္ဒလေးပြည့်ဝခဲ့ပြီမို့ ကိုယ့်ကိုကိုယ်ကျေနပ်တယ်ဆိုတဲ့ ခိုင်နှင်းဝေ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity