ပရိသတ်တွေအရမ်းချစ်ကြတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမကိုယ်သူမ အမြဲ ယုံကြည်မှုရှိပြီး တက်ကြွလန်းဆန်းနေတတ်တဲ့ ဆွဲဆောင်မှုရှိလွန်းသူလေး တစ်ဦးပါ။ အမြဲလိုလို စိတ်ဝင်စားစရာကောင်းတဲ့ အမိုက်စား ဖက်ရှင်တွေနဲ့ ပွဲတက်လေ့ရှိတဲ့ သင်ဇာလေးကတော့ ပရိသတ်တွေရဲ့ စိတ်အာရုံကို အမြဲဖမ်းစားထားနိုင်သူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်ဇာဝင့်ကျော်က ငွေဆောင် ကမ်းခြေမှာ အလန်းကြီးလန်းနေတဲ့ သူမရဲ့ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။
သင်ဇာဝင့်ကျော်ကတော့ အရမ်းကိုပျော်ရွှင်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် လူမှုကွန်ယက်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။
သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေပြီး တစ်ခြားသောအနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ငွေဆောင်မှာ အပျော်ကြီးပျော်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားပုံရိပ်လေးတွေကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Thinzar Wint Kyaw's Facebook
Wednesday, November 13, 2019
ငွေဆောင်မှာ အလန်းစားပုံရိပ်တွေ ရိုက်ကူးနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တွေ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity