နိုင်ငံကျော် မင်းသမီးလေးတစ်လက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်က ဖြူဖွေးကြည်လင်တဲ့ အသားအရည်လေးနဲ့ ရှင်းသန့်ချောမောတဲ့ မျက်နှာလေးကြောင့် ယောကျာ်းလေး၊ မိန်းကလေးမရွေး အားပေးကြတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လူလေးချောရုံသာမကပဲ သရုပ်ဆောင်လည်း ကောင်းမွန်တာကြောင့် အကယ်ဒမီဆုကြီးနှစ်ဆုအပြင် နိုင်ငံတကာကပေးတဲ့ ထူးချွန်ဆုတွေကိုလည်း ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်က အသက် (၃၁) နှစ်ရှိပြီဖြစ်ပေမယ့် ငယ်ငယ်ကအတိုင်း ဘာမှမပြောင်းလဲပဲ ပိုလို့တောင် အလှကြီးလှလာတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်မှာလည်း ပရိသတ်တွေအတွက် ပြင်ဦးလွင်မြို့က သဘာဝရှုခင်းတွေနဲ့ အလှကြီးလှနေတဲ့ ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဝတ်မှုံရွှေရည်က အပြစ်ဆိုစရာမရှိတဲ့ သဘာဝမျက်နှာလေးနဲ့ ကိုရီးယားမလေးတစ်ယောက်လို လှနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။
ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရင်း နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေလျက်ရှိပါတယ်။ဝတ်မှုံရွှေရည်က လက်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပြီး မကြာခင်မှာတော့ "တစ်ဦးတည်းသောဣတ္ထိယ"၊ "အထက်တန်းစားရေ"၊ "လိပ်ပြာစံအိမ် (၂)"၊ "ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်" ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Wutt Hmone Shwe Yi's ig
Photo: Mr. Haw
Sunday, November 24, 2019
ပြင်ဦးလွင်မြို့ရဲ့ရှုခင်းတွေနဲ့ ငေးကြည့်နေရလောက်အောင်လှနေတဲ့ ဝတ်မှုံရွှေရည်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity