Breaking

Thursday, November 28, 2019

မိန်းမချောဇာတ်ရုပ်ကို ခုချိန်ထိ အသိအမှတ်ပြုနေလို့ ကြည်နူးပီတိဖြစ်နေတဲ့ သံသာမိုးသိမ့်

 MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့် အဝရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲမှာ သံသာမိုးသိမ့်ကလည်း တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ သံသာမိုးသိမ့် ဆိုတဲ့ သူ့ရဲ့နာမည်အရင်းထက်ကို သူ့ရဲ့ အအောင်မြင်ဆုံးဇာတ်ရုပ်ဖြစ်တဲ့ “မိန်မချော”ဆိုတဲ့ နာမည်လေးကိုပဲ ချစ်စနိုးနဲ့ ခေါ်ဆိုကြတာပါ။

 သံသာမိုးသိမ့်တစ်ယောက် “မိန်းမချော”ဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးဟာ ထုတ်လွှင့်ပြသပြီးတာ ကြာပြီဖြစ်ပေမဲ့လည်း ပရိသတ်တွေကတော့ အခုချိန်ထိ သံသာမိုးသိမ့်ကို မိန်းမချောဇာတ်ရုပ်နဲ့ အသိအမှတ်ပြု အားပေးနေကြတာကြောင့် သံသာမိုးသိမ့်က အပျော်ကြီးပျော်နေရပါသေးတယ်။ဒီလိုအားပေးကြတဲ့ အထဲမှာမှ ပရိသတ်တစ်ဦးကတော့
သံသာမိုးသိမ့်ကို ချစ်လွန်းတာကြောင့် သူ့ရဲ့ သမီးလေးကိုတောင် အိမ်နာမည်မိန်းမချောလို့ပေးထားတဲ့အကြောင်းကို “မိန်းမချောလေး အိမ်ကသမီးလေးကိုတောင် မိန်းမချောလို့ အိမ်နာမည်ပေးထားတယ် သတိရလို့”ဆိုပြီး လာရောက်ပြောကြားသွားတာပဲဖြစ်ပါတယ်။သံသာမိုးသိမ့်ကတော့ အခုလို အသိအမှတ်ပြု သတိတရရှိနေပေးတာကြောင့် ကြည်နူးပီတိဖြစ်နေပါသေးတယ်။CeleGabar ပရိသတ်ကြီးတွေရော မိန်းမချောလေးကို သတိတရရှိနေကြသေးရဲ့လား။

Source – Than Thar Moe Theint

Credit CleoPaTra – CeleGabar

POPULAR POSTS

ads