ထူးခြားတဲ့ အလှအပတွေနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ ချစ်စရာမင်းသမီးလေး မအေးသောင်းကတော့ နှစ်တွေအကြာကြီးနေမှ အနုပညာလောကထဲကို အရှိန်နဲ့ ပြန်လည်ဝင်ရောက်လာသူလေးပဲ ဖြစ်ပါတယ်။ အမြဲလိုလို သူမရဲ့အလှပုံရိပ်လေးတွေကို ဝေမျှပေးလေ့ရှိတဲ့ မအေးသောင်းကတော့ လတ်တလောမှာလည်း မိန်းကလေးချင်းတောင် ငေးမောယူရတဲ့ မဟာဆန်ဆန်အလှတရားတွေ ပေါ်လွင်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မြန်မာဝတ်စုံလေး ဝတ်ထားပြီး အရမ်းကို လှရက်လွန်းတဲ့ မအေးသောင်းရဲ့ပုံရိပ်တွေကိုတော့ ပရိသတ်တွေက အရမ်းကြွေနေကြတာပါ။
မအေးသောင်းကတော့ "Lavender ရုပ်ရှင်ထုတ်လုပ်ရေးမှ“Secret File" ဇာတ်လမ်းတွဲ ကန်တော့ပွဲမှပုံလေးတွေပါဆင့်" ဆိုပြီး မြန်မာဆန်ဆန်လေးနဲ့ လှရက်လွန်းတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ဘယ်လိုတောင် ချစ်ဖို့ကောင်းနေတာလဲ မအေးသောင်းရယ်...။မဟာဆန်တဲ့ အလှဆိုတာ ဘယ်အချိန်ကြည့်ကြည့် ကျက်သရေရှိနေတာမျိုး...
လတ်တလောမှာတော့ မအေးသောင်းက သူမချစ်ရတဲ့ အနုပညာအလုပ်တွေကို အပြည့်အဝအချိန်ပေးပြီး လုပ်ဖြစ်နေပြီး၊ ပရဟိတအလုပ်တွေမှာလည်း အားကြိုးမာန်တက် ပါဝင်နေတာ တွေ့ရပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ မအေးသောင်းရဲ့အချစ်ရေးကတော့ ငြိမ်သက်နေဆဲပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေည်း မိန်းကလေးချင်းတောင် လည်ပြန်ငေးယူရလောက်တဲ့ မအေးသောင်းရဲ့အလှပုံရိပ်တွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Aye Thaung's Facebook
Photo:Ll John Photography
Sunday, November 10, 2019
Home
/
Celebrity
/
မြန်မာဆန်ပြီး ကျက်သရေရှိတဲ့ သုံးဆယ်ကျော် မမတစ်ယောက်ရဲ့အလှကို ပြသလိုက်တဲ့ မအေးသောင်း
မြန်မာဆန်ပြီး ကျက်သရေရှိတဲ့ သုံးဆယ်ကျော် မမတစ်ယောက်ရဲ့အလှကို ပြသလိုက်တဲ့ မအေးသောင်း
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity