Breaking

Wednesday, November 13, 2019

“ငယ်ငယ်တုန်းက ကထိန်ခင်းရင် ကိုယ်တိုင်ဝင်ထမ်းခဲ့ဖူးတယ်ဆိုတဲ့ နန်းစန္ဒာလှထွန်း”

 နန်းစန္ဒာလှထွန်းကတော့ အလှမယ်တစ်ယောက်အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတာဖြစ်ပါတယ်။ MRTV-4 ရဲ့ဇာတ်လမ်းတွဲမင်းသမီးတစ်ယောက်အနေနဲ့ လူသိများလာတာဖြစ်ပြီး လက်ရှိမှာ “ပဉ္စလက်ရွာ” “အရိပ်” “ဝင်္ကပါရှင်းတမ်း” “ငွေစက္ကူခုနှစ်ရွက်”စတဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကြီးတွေမှာမှ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲမှာ “ရေဝတီ”ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်ကြားမှာ လူသိများလာခဲ့တာဖြစ်ပါတယ်။

 ချစ်စရာမျက်နှာထားလေးနဲ့ ပရိသတ်ရဲ့အသဲနှလုံးကို ဆွဲကြုံးသိမ်းယူထားသူတစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းကတော့ ရှမ်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်တာနဲ့အညီ အခုလိုရိုးရာဓလေ့အစဉ်အလာတွေပြည့်နေတဲ့ ရာသီရောက်တဲ့အချိန်မှာ ဇာတိမြေကိုလွမ်းနေတာဖြစ်ပါတယ်။ တောင်ကြီးတန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်စတဲ့ ပွဲတော်တွေကို လွမ်းနေတာဖြစ်ပြီး ကထိန်ရာသီမှာ ရှမ်းတို့ဓလေ့ထုံးတမ်းအစဉ်လာအတိုင်း ရှမ်းအိုးစည်လေးတွေနဲ့လှည့်ပတ်ကြတာကို မျှဝေပေးထားတာဖြစ်ပါတယ်။

ဒါ့အပြင် တောင်ကြီးကထိန်တွေဟာ ပဒေသာပင်တွေကို ကားနဲ့တင်ဆောင်ပြီး ဘုန်းကြီးကျောင်းတွေကိုပို့တာမျိုးမဟုတ်ပဲ သူတို့ကိုယ်တိုင်ထမ်းပြီးပို့တဲ့ ချစ်စရာဓလေ့လေးလည်း ဖြစ်ပါတယ်။ ရေဝတီလေးကတော့ သူကိုယ်တိုင်လည်း ငယ်ငယ်ကအဲ့လိုဝင်ထမ်းဖူးတဲ့အကြောင်းကို “ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ…ငယ်ငယ်ကဆို ကိုယ်တိုင်ပါဝင်ထမ်းသေးတာနော်… လွမ်းတယ်တောင်ကြီး” ဆိုပြီး သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။
credit-wowmyanmar.com

POPULAR POSTS

ads