Breaking

Friday, November 22, 2019

“ဟန်ထူးလွင်နဲ့ ကောလဟာလထွက်ရခြင်းအကြောင်းကို သီချင်းတူတူတွဲလုပ်ဖူးလို့နဲ့တူတယ်လို့ ပြောလာတဲ့ မေရီ”

 မေရီကတော့ မြန်မာနိုင်ငံမှာသီဆိုမှုနည်းနေသေးတဲ့ Blues Song ဂီတနဲ့နာမည်ရလာသူတစ်ယောက်ဖြစ်ပြီး ချစ်စရာဟန်ပန်နဲ့ဆွဲဆောင်မှုရှိတဲ့ အသံတို့ကြောင့် လူငယ်တွေကြားမှာ ရေပန်းစားသူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာ သီချင်းအနည်းငယ်သာထွက်ရှိထားသေးပေမယ့် တစ်ပုဒ်ဆိုတစ်ပုဒ် လူငယ်တွေပါးစပ်ဖျားမှာရေပန်းစားပြီး အောင်မြင်မှုရရှိနေသူတစ်ယောက်လို့ဆိုရမှာပါ။

 လတ်တလောမှာတော့ ဟန်ထူးလွင်နဲ့ဇနီးဖြစ်သူ ဇုံဇုံတို့ရဲ့ကွာရှင်းပြတ်ဆဲမှုသတင်းထွက်ပေါ်လာပြီး ပရိသတ်တွေများစွာ အံ့အားသင့်ခဲ့ရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သူတို့အိမ်ထောင်ရေးကြားမှာ တတိယလူရှိတယ်ဆိုတဲ့ ထင်ကြေးပေးခန့်မှန်းပြောဆိုမှုတွေရှိလာတာဖြစ်ပါတယ်။ ပရိသတ်အချို့ကတော့ နီနီခင်ဇော်၊မေရီ အစရှိသူတို့ကိုထင်ကြေးပေးခဲ့ပြီး မေရီကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး “မေရီကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝရှင်းပါတယ်။ ဘာမှမရှိပါဘူး။ နှစ်ယောက်လုံးနဲ့လည်း တကယ့်အစ်မတွေ အစ်ကိုတွေလိုခင်ပါတယ်။ မေရီစိတ်မကောင်းတာကလွဲလို့ ဘာမှမပြောချင်ဘူး။ မေရီ မိသားစုတစ်ခုလုံးကိုလည်းချစ်တယ်။ အစ်မကိုလည်း ချစ်တယ်။ ကလေးနှစ်ယောက်လုံးကိုလည်း ချစ်တယ်” လို့သူ့ရဲ့စိတ်ထားနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
ကောလဟာလဘာကြောင့်ထွက်တယ်ထင်လဲဆိုတဲ့ မေးခွန်းအပေါ်မှာလည်း “ကိုကျားနဲ့က သီချင်းတူတူတွဲလုပ်ဖူးတဲ့မိန်းကလေး၊ အလုပ်တူတူတွဲလုပ်ဖူးတဲ့မိန်းကလေးက နည်းတယ်၊ အဲ့ဒီထဲမှာ မေရီပါနေလို့အဲ့လိုထင်ကြတယ်ထင်တယ်၊ မေရီကိုယ်တိုင်ကလည် Broken Family ကလာတာမို့လို့ အဲ့လိုသတင်းမျိုးကြားရတာ စိတ်မကောင်းဘူး” လို့ဆိုပါတယ်။ ဟန်ထူးလွင်နဲ့မေရီကတော့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲရဲ့ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်တဲ့ “Accident” သီချင်းကို တွဲဖက်သီဆိုခဲ့တာဖြစ်ပြီး လူငယ်တွေကြားမှာရေပန်းစားခဲ့တာဖြစ်ပါတယ်။ မေရီရဲ့ ဟန်ထူးလွင်နဲ့ပတ်သက်တဲ့ ကောလဟာလတွေ ဖြေရှင်းခဲ့တဲ့အကြောင်းကို ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။\CRD–Cele Gabar

ads