အဆိုတော်ရွှေထူးနဲ့ ရွှေမှုံရတီက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့က သာယာလှပတဲ့ အိမ်ထောင်တစ်ခုကို အသက်သွင်းပုံဖော်ရင်း အနုပညာလုပ်ငန်းတွေ ကိုယ်စီ လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။
ရွှေထူးနဲ့ ရွှေမှုံရတီက အောင်မြင်တဲ့ အနုပညာရှင်တွေပီပီ အလုပ်တွေကို ကိုယ်စီလုပ်ကိုင်ရင်း တစ်ယောက်တစ်နေရာစီ ရောက်ရှိနေပြီး ဝေးကွာနေတာ ဖြစ်ပါတယ်။ရွှေထူးက လတ်တလော မြစ်ကြီးနားမြို့မှာ သီချင်းဆိုဖျော်ဖြေဖို့ ရောက်ရှိနေပြီး စိတ်ကောက်တိုင်းငိုတတ်တဲ့ သူ့ရဲ့ ဇနီးလေးကို သတိတရရှိနေကြောင်းကို အခုလိုပဲ ပြောထားပါတယ်။
"စိတ်ကောက်တာ အားမရ... စိတ်ထပ်တို မကျေနပ်... နောက်ဆုံး 😭 ငိုပြီလေ... ငကောက်မ လွမ်းတယ် 😋" ဆိုပြီး စိတ်ကောက်တိုင်း ငိုတတ်တဲ့ ဇနီးလေးရွှေမှုံရတီကို လွမ်းနေကြောင်း ပြောထားပါတယ်။ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ အိမ်ထောင်သက် တစ်နှစ်ကျော်ရှိပြီဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေနှစ်ရွှေရဲ့ ကြည်နူးစရာ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။
Rowena
Source: Shwe Htoo's fb
Saturday, November 30, 2019
စိတ်ကောက်တိုင်း ငိုတတ်တဲ့ ငကောက်မလေးရွှေမှုံရတီကို လွမ်းနေတဲ့ ရွှေထူး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity