ပန်ကိတ်ဒါဒါ ကတော့ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် ပရိသတ်တွေရဲ့အချစ်တော်တစ်ယောက် လို့ ဆိုရမှာပါ။ သူမရဲ့ စကားသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့အပြောလေးတွေကြောင့် သူမရဲ့ ပရိသတ်တွေကတော့ မိန်းကလေးတွေပဲ အများဆုံးလို့ ပြောရမှာပါ။ သူမကတော့ အခုချိန်မှာ ပရိသတ်တွေကို ခွန်အားရှိတဲ့ စာလေးတွေနဲ့ အတူ Beauty Blog လေးတွေ လုပ်ကာ ပရိသတ်တွေနဲ့အဆက်အသွယ် မပြတ်ရှိနေတာပါ။
သူမရဲ့အချစ်ရေးကတော့ အဆိုတော်ရွှေထူးနဲ့ (၆)နှစ်ကြာလက်တွဲပြီးနောက် လမ်းခွဲခဲ့ကြတဲ့ အချိန်မှာ ပန်ကိတ်ကို သနားကာ အချစ်ပိုခဲ့တဲ့သူတွေများခဲ့တာပဲ ဖြစ်ပါတယ်။ ပန်ကိတ်ကတော့ အချစ်ကြောင့် နာကျင်ခဲ့ပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ ဘဝကို ရှေ့ဆက်ကာ ပညာရေးဘက်ကိုဦးစားပေးအာရုံစိုက်ခဲ့တယ်လို့ ဆိုရမှာပါ။ လက်ရှိ အခြေအနေမှာလည်း Single ဘဝနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။
မကြာသေးမီကသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပန်ကိတ်ဟာ မြန်မာပြည်ကိုအရမ်းလွမ်းနေတာ ဖြစ်ပြီး အလုပ်ကိစ္စနဲ့ မြန်မာပြည်ကိုပြန်လာရတော့မှာ ဖြစ်တာကြောင့် အရမ်းဝမ်းသာနေကြောင်းကို ” Yayyyyyy …လာမယ့်လမှာ ဒါဒါ့ရဲ့ page ဖြစ်တဲ့Pancake DADA နဲ့ပါတ်သက်တဲ့အလုပ်ကိစ္စအတွက်မြန်မာပြည်ပြန်လာဖို့ရှိလို့အရမ်းပျော်နေပါတယ်။မြန်မာပြည်ကြီးရေလွမ်းတယ်ဗျို့… (ဒါဒါ့ကိုအလုပ်ကိစ္စနဲ့ပါတ်သက်ပြီးဘယ်လိုဆက်သွယ်ရမလဲမေးနေကြလို့Page မှာ ထည့်ထားတဲ့ ဖုန်းနံပါတ်နဲ့Pancake DADA ရဲ့ မန်နေဂျာကို တိုက်ရိုက်ဆက်သွယ်လို့ရပါကြောင်း) I will see you all soon … ” ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို အသိပေးခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးရော ချစ်စရာကောင်းပြီး ပွင့်လင်းလွန်းတဲ့ ပန်ကိတ်လေးကို မြန်မာပြည်ပြန်လာတော့မှာကို သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။Source : Ya Min Oo
Candy – CeleConnections
Wednesday, November 13, 2019
” ဒဏ်ရာတွေရှိတဲ့ မြန်မာပြည်ကို ပြန်လာဖြစ်တော့မယ့် ပန်ကိတ် “
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity