Breaking

Wednesday, November 13, 2019

ပုဂံ ဇီးပင်ရိပ်အ​ကြော်ဆိုင်​လေးမှာ ​ရေ​နွေးကြမ်းနဲ့ အ​ကြော်​လေးစားရင် ​နေဝင်ဆည်းဆာ​လေးကို ဖြတ်သန်းခဲ့တယ် ဆိုတဲ့ အေးမြတ်သူ

 သရုပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆင်ပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ အေးမြတ်သူ ရဲ့ကျက်သရေရှိတဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


 သရုပ်ဆောင် အေးမြတ်သူက စစ်ကားရုပ်ရှင်ကားကြီးကို သရုပ်ဆောင်နေတိုး၊ ကျော်ကျော်ဗို၊ ထူးအောင် ၊ အနုပညာရှင်များစွာနဲ့အတူ သရုပ်ဆောင်ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။သူမအပါအဝင် ၊ ထွန်းထွန်း၊ ရန်အောင် တို့နဲ့ ရိုက်ကူးထားတဲ့ တန်ဖိုးရုပ်ရှင် ဇာတ်ကားကြီးကလည်း စက်တင်ဘာလ (၁၂) ရက်နေ့မှာ ရုံတင်ပြသခဲ့ပြီး ပရိသတ်အားပေးမှုများစွာရရှိခဲ့ပါတယ်။ဒီတစ်ခါမှာတော့ အေးမြတ်သူက ပုဂံ ညနေဆည်းဆာ မှာ ရိုက်ထားတဲ့ အလှပုံလေးတွေကို ဖော်ပြထားပြီး ခုလိုပြောထားပါတယ်။
အေးမြတ်သူ က " ဒီ​နေ့ .. ပုဂံ ​ရောက်​ချိန် ည​နေခင်း​လေးဆို​တော့ ..ဇီးပင်ရိပ်အ​ကြော်ဆိုင်​လေး မှာ ​ရေ​နွေးကြမ်းနဲ့ ....အ​ကြော်​လေးစားရင် ​နေဝင်ဆည်းဆာ​လေးကို ဖြတ်သန်းခဲ့တယ်..... ဆိုင်ရှင် ဘဘကြီး နဲ့ ​မေကြီး က အရမ်းသ​ဘော​ကောင်းတယ်ရှင့် .. မ​​နေ့က ဆိုင်မှာဝယ်သူ​တွေအရမ်းကျလို့ လာစားတဲ့သူ​တွေကို အားနာမိ​ကြောင်း ​မေကြီး က ရင်ဖွင့်​နေ​သေးရဲ့ ❤ ဘဘကြီး က ​တွေ့​တွေ့ချင်း ...live လွှင်ပါဦးတဲ့ ... ❤😁ရိုးသားပြီး ချစ်စရာ​ကောင်းတဲ့ ​ရှေးလူကြီးကြီးတွေ" ဆိုပြီးသူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။အေးမြတ်သူ ရဲ့အလှ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


ပရိသတ်ကြီးလည်း အေးမြတ်သူ ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Moekalay
Source;aye myat thu

POPULAR POSTS

ads