Breaking

Thursday, November 28, 2019

ဖောက်ပြန်တဲ့ယောကျာ်းရဲ့ လိင်အင်္ဂါနဲ့ဝေးစေ့ကို ဖြတ်ပစ်ပီး အိမ်သာထဲမျှောလိုက်တဲ့ ဇနီး

 ထိုင်ဝမ်မှ အမျိုးသမီးတစ်ဦးဟာ ဖောက်ပြန်တဲ့သူမယောကျ်ားကို လိင်အင်္ဂါနဲ့ဝှေးစေ့ဖြတ်ပစ်ခဲ့တယ် လို့သိရပါတယ်။

Lee လို့အမည်ရတဲ့ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းဟောင်း Chen ရဲ့ အမျိုးသားတန်ဆာကို 1cm သာချန်ကာ ဖြတ်ခဲ့ပြီးနောက် “ကျွန်မ မရနိုင်တဲ့အရာကို ဘယ်သူမှ မရစေရဘူး ” လို့ပြောကာ အိပ်ဆေးအလုံး ၄၀ သောက်၍ ကိုယ့်ကိုကိုယ်သတ်သေခဲ့ပါတယ်။
 Chen ဟာ ဇနီးဟောင်းဖြစ်သူနဲ့ ပြီးခဲ့တဲ့လကတည်းက ကွာရှင်းပြီးသားဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်တဲ့အတွက် ဇနီးဟောင်းအိမ်မှာဆက်လက်နေထိုင်နေသူဖြစ်ပါတယ်။ ဇနီးသည်ဟာ သူ့ရဲ့ယောကျ်ားတန်ဆာကိုဖြတ်ခဲ့ပြီးနောက်မှာတော့ Chen ဟာ နောက်ထပ် အကြမ်းဖက်ခံရမှာစိုးတဲ့အတွက် အိမ်သာထဲမှာ ကိုယ့်ကိုကိုယ်ပိတ်ထားခဲ့တာဖြစ်တယ် လို့သိရပါတယ်။

ရဲတွေရောက်ရှိလာတဲ့အချိန်မှာ အမျိုးသမီးဖြစ်သူကို သတိမေ့လျက်အနေအထားနဲ့မြင်တွေ့ရပြီး သူတို့၂ဦးလုံးကို ဆေးရုံခေါ်သွားခဲ့ကြပါတယ်။
Chen ရဲ့ အင်္ဂါကို ပြန်လည်တပ်ပေးဖို့ရှာမတွေ့တဲ့အပြင် ဖြတ်တောက်ခံထားရတဲ့ဒဏ်ရာမှာလည်း ဘတ်တီးရီးယားပိုးမွှားများ ကပ်တွယ်နေပြီဖြစ်တဲ့အတွက် ပြန်လည်တပ်ဆင်နိုင်ဖို့ အလားအလာ သိပ်ကိုနည်းတယ်လို့ သိရပါတယ်။

Writer -LLA ( Shwe Yaung Lan )

POPULAR POSTS

ads