Breaking

Thursday, November 28, 2019

သမ္ဗုဒ္ဓေဂါထာတော်အစွမ်း ကြောင့် အသက်ဘေးက လွတ်မြောက်စေတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်က ဖြစ်ရပ်မှန်

 အ ချိန်မှာ မွန်းလွဲသုံးနာရီခန့် အချိန်ဖြစ်ပေသည်။တိ တိ ကျကျဆိုရလျှင် ၁၉၇၇ ခုနှစ်၊ ဇွန်လ ၁၅ ရက်၊ မွန်းလွဲ သုံးနာရီခန့် အချိန်ဖြစ်ပေသည်။ စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် တရားရုံးတွင် ရုံးကိစ္စများ ဆောင် ရွက်ပြီးနောက် ကျွန်တော်သည် မိမိ တာဝန်ထမ်းဆောင်ရာပေါက်ေ တာမြို့သို့ ပြန်ရန် အတွက် ပြည်နယ်တရားရုံးမှ မော်တော်ဘုတ် ဆိပ်ကမ်းရှိရာ ဆပ်ရိုးကျချောင်းဘက်သို့ ဆိုက်ကားဖြင့် လာခဲ့သည်။

လမ်းတွင်ပင် မိုးသည် တဖွဲဖွဲရွာစပြုနေပြီဖြစ်သည်။ဆ ပ်ရိုး ကျချောင်းရှိ ဘုတ်ဆိပ် (မော်တော်ဘုတ်ဆိပ်ကမ်း)သို့
ရောက်လာသောအခါ မိုးသာမက လေပြင်းတိုက်စပြုလေပြီ။ မိုးဦးလေဦးမို့
မိုးလည်းသည်း၍ လေလည်း ထန်တတ်ပါသည်။ တစ်နာရီ မိုင် ၄၀ နှုန်းဟူသည်
ဘင်္ဂလားပင်လယ်အော်နှင့် ကပ်လျက်ရှိသော စစ်တွေမြို့အဖို့ တိုက်ရိုးတိုက်စဉ်ပင်။

ကျွန်တော်သည် မိုးလည်းရွာ၊ လေလည်း တိုက်နေသည့်ကြားမှပင် ပေါက်တောမြို့သို့ ထွက်ခွာမည့် စန်းစန်း ဘုတ်ပေါ်သို့ တက်ရောက်ခဲ့ပါသည်။ စန်း စန်းဘုတ် ဟူသည်မှာ စန်းစန်းဟုခေါ် သော မော်တော်ဘုတ်၏ အမည်ဖြစ် သည်။

စစ်တွေနှင့် ပေါက်တောအကြား နေ့တိုင်းပြေးဆွဲနေသော မော်တော်ဘုတ် ဖြစ်ပါသည်။ မော်တော်ဘုတ်မှာ ပေါက် တောသို့ လိုက်ပါ မည့် ခရီးသည်အပြည့် နှင့် ဖြစ်နေတော့သည်။စန်းစန်းဘုတ်သည် မိုးလေးတဖွဲ ဖွဲအကြားတွင် ဆပ်ရိုးကျချောင်းအတွင်း စတင်ခုတ်မောင်း လျက်ရှိသည်။

မိနစ် ၂၀ ကြာ သောအခါ ဆပ်ရိုးကျ ချောင်းမှ ထွက်ခွာတော့သည်။ဆပ်ရိုးကျချောင်း မှထွက်ခွာသည်နှင့် လေးမြို့မြို့ဝနှင့် ဘင်္ဂလား ပင်လယ်အော်ဆုံရာသို့ ရောက် ရှိတော့သည်။ မိုးလည်း သည်းလာ၍ လေတိုက်နှုန်းသည် ပြင်းထန်လာသည်။
ဘ င်္ဂ လားပင်လယ်အော်ဖြစ်၍ လှိုင်းလေလည်း ကြီးလာပြီး ပတ်ဝန်း ကျင်တစ်ဝိုက် မှာလည်း မိုးသားတိမ်တိုက်များဖြင့် မည်းမှောင်လျက်ရှိတော့သည်။ မနီးမဝေးရှိ ဖရုံကာကျွန်းစုများ (မြေငူကျွန်းများ)ကိုပင်မမြင် ရတော့။ လေရှင်းတောင် မီးပြတိုက် ဟူသည် မည်သည့်နေရာသို့ ရောက်နေသည်ကို မသိ။

တစ်သက်လုံး ရန်ကုန်တွင် နေထိုင် ကြီးပြင်းခဲ့ရသော ကျွန်တော့်အဖို့ ဘင်္ဂလားပင်လယ်အော်တွင် စန်းစန်းဘုတ်ကို စီးပြီး မုန်တိုင်းနှင့် ကြုံတွေ့နေရချေ ပြီတကား။စက်ဆရာသည် မော်တော်ဘုတ်ကို မောင်းနှင်နေသော်လည်း မော်တော်ဘုတ် သည် ရွေ့လျားနေသည်ဟု မထင်ရပေ။ မိုးသည်း၍ လေထန်နေသော အခြေအနေတွင် သဘာဝအတိုင်း လှိုင်းက တိုက်ခတ်လာတော့သည်။

မော်တော်ဘုတ်မှာ လှိုင်းဒဏ်၊ လေဒဏ်၊ မိုးဒဏ်တို့အကြား အလူးအလှိမ့်ခံနေရသည်။လှိုင်းလုံးရောက်လာသောအခါ မော်တော်ဘုတ်ကို မြှောက်၍ ပစ်တင်လိုက်သလို ဖြစ်သွားပြီး လှိုင်းလုံးလွန်သွားသော အခါ မော်တော်ဘုတ်ကို အောက်သို့ပြန်၍ ပစ်ချလိုက်သကဲ့သို့ ဖြစ်ကာ ကျွန်တော့်အဖို့ ရင်ထဲတွင် အေးခနဲ၊ စိမ့်ခနဲ ဖြစ်သွား တော့သည်။

တစ် ခါ တစ်ရံ လှေနှစ်ဖက်လုံးမှ တဖြန်းဖြန်းဖြင့် လှိုင်းရိုက်ပုတ်သံသည်
သစ်သားဖြင့်ပြုလုပ်ထားသော မော်တော် ဘုတ်အား နှစ်ခြမ်း ကွဲသွားစေတော့ မည်
လားဟုတွေးထင်ရသည်။ လှေအလယ်မှ ပေါက်ပြီး ဒယ်အိုးနစ်များ နစ်သွားလေ မည်လား ဟု
လည်း စိုးရိမ်နေမိတော့သည်။

ဤ ကဲ့ သို့ မိုးသဲသဲမဲမဲရွာနေစဉ် မော်တော်ဘုတ်၏ တစ်ဖက်တစ်ချက်တွင်
ရှိသော မိုးရေကာ ဖျင်များကို လိပ်တင် ထားကြ သည်။ မိုးရေကာဖျင်ကို လိပ်ထား
သောကြောင့် လှေနှင့်ခရီးသည်များ

ရေ စို သည်ထက် မိုးရေကာဖျင်ကို ချထားပါက တိုက်နေသောလေကို တွန်းထားသလို ဖြစ်ပြီး လေဒဏ်ဖြင့် လှေမှောက်နိုင်သော ကြောင့် ဖြစ်သည်။ထို အ ခါ ခရီးသည်များမှာ မိုးရေ အစိုမခံချင်ကြသဖြင့် လေတိုက်သော ဘက်မှ အခြားတစ်ဖက်သို့ စုပြုံပြီး ရွှေ့ပြောင်း နေရာယူ ကြပြန်သည်။ ထိုအခါ လှေသည် လူများ စုပြုံနေရာယူသည်ဘက် သို့ စောင်းသွားပြီး မှောက်တော့ မည်ကဲ့သို့ ဖြစ်နေတော့သည်။

ယင်း အခြေအနေမျိုးတွင် တစ်ဖက်မှ လေသည် ပို၍ ပြင်းပြင်းထန်ထန် တိုက်လိုက်မည် ဆိုပါက လှေသည် မုချမှောက်မှာဖြစ် သည်။ ကျွန်တော်အပါအဝင် ခရီးသည် များ၏ ကံကြမ္မာကား မတွေးရဲအောင်ပင်။

ပင် လယ်ကို ကျွမ်းလှအောင် ရခိုင်သား ပဲ့နင်းသည်ပင် မျက်လုံးပြူးလျက်
ရှိသည်။ ခရီးသည်များကို ရေစိုခံပြီး လှေ၏ နှစ်ဖက်မျှ၍ နေရာယူကြရန် မြည်တွန်
တောက်တီး ပြောဆိုလျက်ရှိသည်။

ငါေ တာ့ မကယ်နိုင်ဘူး ဟုလည်းပြောဆိုလျက် ရှိရာ ရေမကူး တတ်သော
ကျွန်တော့်မှာ အသက်ကို မည်သည့်နေရာတွင် ထားရမှန်းပင် မသိတော့ပေ။ ခရီးသည်
ရခိုင်သား အဘိုးကြီးတစ်ဦး

က မူ ပြန်လှည့်ပြန်လှည့် မဖြစ်ပါ မဖြစ်ပါဟု ရခိုင်သံ ဝဲဝဲဖြင့်
ပြောဆိုလျက်ရှိသည်။ အမယ်အိုများ၊ အမျိုး သမီးငယ်များကလည်း ဘုရား ဘုရားဖြင့်
ဘုရားတ လျက်ရှိကြတော့သည်။ကျွန်ေ တာ်သ ည် ယခင်က မုန်တိုင်းမိပြီး
သင်္ဘောပျက်၍ ခရီးသည်များဒုက္ခ ရောက်ကြရသော အဖြစ်အပျက်၊ ဇာတ်လမ်း များ ကို
ဖတ်ခဲ့ဖူးပါသည်။ ယခုတော့ ကိုယ်တွေ့ကြုံရပေပြီ။

သေေ ဘးကို တွေ့ နေရပေပြီ။ သေရတော့မည်လော၊ နေရဦး မည် လော ဟူသည်မှာ မိနစ်ပိုင်းအတွင်း အဆုံးအဖြတ် ခံယူရပေတော့မည်။

Credit : ဗုဒ္ဓစာပေ

POPULAR POSTS

ads