Breaking

Thursday, November 14, 2019

ပေါ့ပါးသွက်လက်တဲ့ ဖက်ရှင်လေးနဲ့ မမှတ်မှိနိုင်လောက်အောင်ချစ်ဖို့ကောင်းတဲ့ပုံစံလေးနဲ့ ခြူးလေး

 အမြဲပြုံးပျော်နေတတ်ပြီး အရမ်းချစ်စရာကောင်းတဲ့ ခြူးလေးဟာ MRTV 4 ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်ချစ်ခင်အားပေးမှုများစွာ ရှိထားတဲ့ မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ Tik Tok ဗီဒီယိုလေးတွေကြောင့်လည်း သူမရဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုမိုရရှိနေတာဖြစ်ပါတယ်။


 ခြူးလေးဟာသူ့ရဲ့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံတွေကို သူမရဲ့ လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့ဘုတ်ကနေအမြဲလိုလိုမျှဝေပေးတတ်သူဖြစ်ပြီး အခုအခါမှာလည်း အရင်တုန်းကနဲ့ မတူတဲ့ချစ်စရာ ဒီဇိုင်းလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ဓာတ်ပုံလေးတွေကို သူမရဲ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ ဖေ့ဘုတ်ကနေမျှဝေခဲ့တာလည်းဖြစ်ပါတယ်။

ခြူးလေးဟာ 'ထာဝရမန္တလေး'ဇာတ်ကားမှာ မို့မို့မြင့်အောင်၊ မေသန်းနု၊ အောင်မင်းခန့် အပါအဝင် အခြားဇာတ်လမ်းတွဲ သရုပ်ဆောင်များစွာနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် အချိန်တိုအတွင်းလူသိများ ကျော်ကြားလာသူလည်းဖြစ်ပါတယ်။
ခြူးလေး ဟာ အောင်မြင်ကျော်ကြား ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ MRTV ဇာတ်လမ်းတော်တော်များများမှာ ပါဝင်တဲ့ ပရိသတ်တွေရဲ့ အချစ်တော်တွေထဲက တစ်ယောက်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေရော ခြူးလေးကိုချစ်ရင် Like and Share လုပ်သွားဖို့မမေ့ပါနဲ့အုံးနော်။ အဆုံးထိ ဖတ်ရှုပေးတဲ့ အတွက် မိုမိုလေးမှကျေးဇူးတင်ရှိပါတယ်။

Ref:CHUE- Chue lay's FB
Leo

POPULAR POSTS

ads