Breaking

Monday, November 25, 2019

ရှေးခေတ် ဖက်ရှင်လေးနဲ့ ရိုးရိုးလေးလှနေတဲ့ ခေးဆက်သွင်

 MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခေးဆက်သွင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ ခေးဆက်သွင် သရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ခေးဆက်သွင် ရဲ့ အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

 ခေးဆက်သွင်က လတ်တလောသူမသရုပ်ဆောင်ထားတဲ့ နှင်းဆီဇာတ်လမ်း တွဲမှာ ပရိသတ်အားပေးမှုများစွာရရှိနေတာပါ။သူမက နှင်းဆီဇာတ်ကောင်နဲ့ လိုက်ဖက်လွန်းတာကြောင့်လည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာလည်း သူမက Dugrostarsပွဲ မှာ ဒိုင်တစ်ဦးအဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။
ဒီတစ်ခါမှာတော့ ခေးဆက်သွင် က " မနက်ဖြန် မြစ်ကြီးနားကDugrostarsပွဲလေးမှာ ဆုံကြစို့ကွယ်...မောင့်ကိုဖြင့် "ခင် "မှာချင်တယ်...ဆက်ဆက်စောင့်နေမယ်နော်🌹 " ဆိုပြီး သူမရဲ့ အလှပုံလေးတွေကို မျှဝေထားပါတယ်။


ခေးဆက်သွင် ရဲ့ ပုံလေးတွေက အရမ်းကို လှနေတာပါ။MRTV 4 မင်းသမီးလေး ခေးဆက်သွင် ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်ေ။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;khay sett thwin's facebook

POPULAR POSTS

ads