Breaking

Sunday, November 10, 2019

ပြိုင်ပွဲပြီးတာနဲ့ အဆိုတော်လို့ခံယူလိုက်တဲ့သူတွေပျောက်သွားတဲ့ အကြောင်းပြောလာတဲ့ ချမ်းချမ်း

 Melody World ဆိုတဲ့သီချင်းဆိုပွဲကနေစပြီး တစ်ကိုယ်တော်ခွေတွေ ထွက်ရှိထားရုံတင်မကပဲ တွဲခွေတွေတော်တော်များများမှာရော သီဆိုဖျော်ဖြေခွင့်ရထားတဲ့ သီချင်းဆိုကောင်းတဲ့ ချမ်းချမ်းကိုတော့ ပြေချင်လွန်းလို့မိတ်ဆွေတွေကို မိဆက်ပေးစရာလိုမယ် မထင်ပါဘူး ။ အခု အင်တာဗျူးတစ်ခုမှာ သူပြောပြသွားတဲ့အကြောင်းတွေကို ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် နော် ။

 သူ့သမီးလေးကို မိသားစုကိစ္စနဲ့ပတ်သက်ပြီ သူပြောပြထားတဲ့ ပုံစံလေးကို ချမ်းချမ်းက ” ဖေဖေလည်းအလုပ်ကသွားရမှာ ‌ဖွားဖွားတို့အိမ်ကသွားရင်ပိုနီးတယ် ။ မေမေလည်း ဒီအိမ်ကသွားရင်ပိုနီးတယ် အဲ့ဒီအတွက်ကြောင့် ဖေဖေနဲ့မေမေက သမီးကို အရမ်ချစ်တာ အဆင်မပြေလို့ အလုပ်သွားရတာ အဆင်မပြေလို့ခွဲနေတာ အဲ့ဒီလိုမျိုးပြောထားတယ် ။ ကလေးကို ဖအေကဘယ်လိုဖြစ်လို့ မအေကဘယ်လိုဖြစ်လို့ဆိုပြီး မုန်တီးစရာတစ်ခုမှ မသင်ထားဘူး ။ အချိန်တင်ရင် သူ့အဖေသည် သူ့အဖေပဲ သူ့အမေသည် သူ့အမေပဲ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ကလေးက ဒါတွေသိစရာမလိုဘူး ။ စိတ်နာကျင်ရတာတွေ အစ်မမကြိုက်ဘူး ။ ပြီးတော့ ဒါမျိုးကိုခံစားပြီး ကြီးပြင်းလာရတဲ့ကလေးထဲမှာလည်း အစ်မသမီးမပါစေရဘူး။ ဒါစိတ်နာစရာမဟုတ်ဘူးလေ ဘဝကဒီအတိုင်းပါလာရင် ဒီအတိုင်းပဲ လက်ခံကြရမှာပဲ ။” ဆိုပြီးပြောပြသွားပါတယ် ။
Strong ဖြစ်တဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ ပရိသတ်တွေကအားကျရတယ် ဆိုတဲ့ အပေါ်မှာလည်း ” အဲ့ဒါကတော့ဘဝကသင်သွားတာ ဘယ်သူမှ မွေးကတည်းက Strong ဖြစ်ပြီးမွေးလာတဲ့သူ မရှိဘူး ။ လူတိုင်းပဲ ကိုယ်ဒီလိုမျိုးဖြစ်ခဲ့လို့ရှိရင် ဘယ်သူမဆိုခံစားရတာပဲ ။ အဲ့ဒီလိုခံစားနေရတာကြီးကိုအမြဲတမ်းကြီး ပြနေလို့မဖြစ်ဘူး ။ ဆက်သွားနေရမှာပဲ ကျရှုံးတဲ့အချိန်ရှိမယ် အောင်မြင်တဲ့အချိန်ရှိမယ် အစ်မအမြဲတမ်းကြီး သင်ခန်းစာမယူဘဲ နာကျင်နေမယ် ဆိုရင် အစ်မပဲ ကျရှုံးနေမှာပဲ ။ ကိုယ့်ဟာကို Motivate လုပ်ရတာပေါ့ ။ “ဆိုပြီးပြောပြသွားပါတယ် ။

ပြိင်ပွဲကနေ ဆုရပြီး နောက်ပိုင်းမှာ ပျောက်ကွယ်သွားရတဲ့အပေါ်မှာရှိတဲ့ သူ့ရဲ့အမြင်ကိုလည်း ” တော်တော်များများအဲ့ဒီလိုမျိုးပေါ့နော် ပြိင်ပွဲကနေဆိုလို့ရှိရင် ပြိုင်ပွဲပြီးသွားတာနဲ့ အဆိုတော်ဖြစ်သွားပြီလိုထင်ကြတာများတယ် ။ ပြိုင်ပွဲပြီးရင်အဆိုတော်မဖြစ်ဘူး ။ ပြိုင်ပွဲပြီးသွားရင် ပရိသတ်လက်ခံတဲ့သူဖြစ်အောင်ကိုယ်ကကြိုးစားမှဆိုတော့ အဲ့ဒီအရည်အချင်းက ကိုယ့်ဘာသာကိုယ်ရှိမှ အဆိုတော် တစ်ယောက်ဖြစ်တာ ။အဲ့ဒီလိုမဟုတ်ဘဲနဲ့ ပြိုင်ပွဲကနေပြီးတာနဲ့အဆိုတော်ဖြစ်ပြီလို့ခံယူလိုက်တဲ့သူတွေကတော့ ချက်ချင်းပျောက်ကွယ်သွားကြတာပဲ ။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးဝမ်းစာပြည့်နိုင်အောင် ဖြည့်ရမယ် ပရိသတ်တွေကြိုက်တဲ့ သီချင်းတွေ
ဖန်တီးနိုင်အောင် ဝမ်းစာဖြည့်ရမယ် ။အဲ့ဒီလိုဝမ်းစာမဖြည့်လို့ကတော့ တစ်နှစ်လောက်ဆိုပျောက်သွားမှာပဲ ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

POPULAR POSTS

ads