Breaking

Friday, November 29, 2019

သေးသေးသွယ်သွယ် ကောင်မလေးတွေက ပိုချစ်ဖို့ကောင်းတယ်ဆိုတာ ပြသလိုက်တဲ့ နော်ဖောအယ်ထား

 တောင်ကြီးသူ၊ ကရင်မလေးဆိုပြီး ပရိသတ်တွေ အချစ်ပိုခဲ့ရတဲ့ မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ အထူးခြားဆုံး အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားသူလေးပါ။ အမြဲလိုလို သူမရဲ့အလှပုံရိပ်တွေတင်ပြီး ပရိသတ်တွေကို သဘောကျစေသူလေး နော်ဖောအယ်ထားကတော့ လတ်တလောမှာ အသည်းယားဖို့ကောင်းလောက်အောင် ချစ်စရာလေးဖြစ်နေတဲ့ သူမရဲ့အလှပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့မဆို အေးချမ်းတဲ့ အလှတရားတွေ ပျောက်ပျက်မသွားတဲ့ နော်ဖောလေးကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

 နော်ဖောအယ်ထားကတော့ "နေဝင်ချိန်ဆို အတူရှိမယ် 🌅" ဆိုပြီး ရိုးရိုးရှင်းရှင်း ဖက်ရှင်လေးနဲ့ လျှောက်လည်နေတဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ အဆီပိုလုံးဝမရှိတဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးနဲ့ လိုက်ဖက်ညီစွာ ဝတ်စားဆင်ယင်ထားတဲ့ နော်ဖောအယ်ထားရဲ့ပုံရိပ်တွေကတော့ အသည်းယားဖို့ကောင်းလွန်းလို့ ပရိသတ်တွေကလည်း သဘောကျနေကြတာပါနော်။အနူးညံ့ဆုံး အပြုံးလှလှလေးကို ပိုင်ဆိုင်ထားသူလေး နော်ဖောအယ်ထား...။


သရုပ်ဆောင်တစ်ဦးအနေနဲ့ အနုပညာအလုပ်တွေ လုပ်နေရပြီဖြစ်တဲ့ နော်ဖောအယ်ထာားကတော့ တလောက ရုပ်သံလိုင်းမှာ ပြသသွားတဲ့ "ပျောက်ဆုံးနေသော အမှန်တရား" ဇာတ်လမ်းတွဲမှာလည်း သုဒြာဆိုတဲ့ ကောင်မလေးအနေနဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာလည်း တွေ့ရပါတယ်။ အောင်မြင်မှုအတွက် ကြိုးစားနေတဲ့ သူမကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကိုပဲ အာရုံစိုက်ပြီး ကြိုးစားဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်စရာကောင်မလေး နော်ဖောအယ်ထားကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Naw Phaw El Htar's Facebook
Photo;Snow Miley

POPULAR POSTS

ads