Breaking

Tuesday, November 12, 2019

” နှင်းဆီ ရုပ်သံဇာတ်လမ်းတွဲကြောင့် အနုပညာအခွင့်အလမ်းတွေများလာတယ် ဆိုတဲ့ ဝေလာရီ “

 MRTV 4 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့တဲ့ “နှင်းဆီ” ရုပ်သံဇာတ်လမ်းတွဲ မှာ “မော်” ဆိုတဲ့ သွပ်လက်ဖြတ်လက်တဲ့ ချစ်စရာကောင်မလေးအဖြစ် ပရိသတ်တွေအချစ်ကို သိမ်းပိုက်ခဲ့သူကတော့ ချစ်စရာအပြုံးလေးတွေရဲ့ ပိုင်ရှင် ဝေလာရီပဲဖြစ်ပါတယ်။သူကတော့ နှင်းဆီ ရုပ်သံဇာတ်လမ်းတွဲကြောင့် အနုပညာအခွင့်အလမ်းတွေများလာတဲ့အကြောင်းကို “အရင်ကဆို ဝေလာရီလို့ပြောလိုက်ရင် ပရိသတ်တွေကမသိပဲ အခုဆိုရင် လူကိုတွေ့လိုက်တဲ့ အဲဒါဝေလာရီလေ အဲဒါမော်လေဆိုပြီး ပြောစရာမလိုပဲသိကြတယ်။အနည်းဆုံး လူ(၁၀)ယောက်မှာဆို(၈)ယောက်လောက်က သိကြတယ်။ဝေလာရီအရင်က အပြင်ထွက်ရင် ဘယ်သူမှမသိကြဘူး၊အခုကြတော့ အပြင်သွားလိုက်တာနဲပ အနည်းငယ်သောလူတွေက သိကြတယ်။
 ပြီးလိုရှိရင် မိတ်ကပ်မလိမ်းပဲသွားလည်း သူတို့မှတ်မိတယ်။ဝေလာရီ အရမ်းအံ့သြတာက အဲဒါပဲ သူတို့ ဝေလာရီအပြင်ထွက်လိုက်တာနဲ့မှတ်မိကြတယ် ဒါဇာတ်လမ်းတွဲတွေရဲ့ ကောင်းကျိုးပေါ့နော်” လိုံ ဆိုထားပါတယ်။ဒီဇာတ်လမ်းတွဲရိုက်ကူးပြီးချိန်မှာတော့ အပြင်က အလုပ်တွဲလုပ်ဖို့၊သီချင်းဆိုဖို့ ကမ်းလှမ်းလာကြတယ်လို့ သိရပါတယ်။အရင်ကတော့ အစ်မဖြစ်သူ လိမ္မော်သီး မှ တစ်ဆင့်အလုပ်ရှင်တွေကို သူရဲ့စွမ်းရည်တွေကိုပြောပြပြီး ကြော်ငြာပေးခဲ့မယ့် လူတွေကစိတ်မစားဝင်ကြဘူး၊အခုချိန်မှာတော့ ဝေလာရီကိုသီသီသန့်သန့်လေးနဲ့ငှားချင်လို့ပါ ကမ်လှမ်းလာကြပါတယ်။
ဝေလာရီကတော့ သူကိုအားပေးခဲ့တဲ့ ပရိသတ်တစ်ယောက်ချင်းဆီကို မြတ်နိုးတန်ဖိုးထားပါတယ်၊ပရိသတ်တွေအားပေးရကျိုးနပ်အောင်လို့ အကောင်းဆုံးကြိုးစားနေပါတယ်တဲ့။ ပရိသတ်ကြီးရော ဝေလာရီဆိုတဲ့ နှင်းဆီဇာတ်လမ်းတွဲထဲက မိမော်လေးကို မှတ်မိသေးရဲ့လား။
CRD-Cele Gabar

POPULAR POSTS

ads