Breaking

Tuesday, November 12, 2019

အရံ သတို့သားသတို့သမီးအနေနဲ့ အရမ်းချစ်ဖို့ကောင်းပြီးလိုက်ဖက်နေတဲ့ အောင်လေးနဲ့ မေမြင့်မိုရ်

 အောင်လေးဟာ နှုတ်ခမ်းနီမလေးတွေချစ်ကြတဲ့ မော်ဒယ် တစ်ယောက်ဖြစ်တဲ့အပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ခြေလှမ်းတွေစတင်လှုပ်ရှားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အောင်လေးဟာ မင်းသားလေးတစ်ယောက်လို စတိုင်ကျ ချောမော ပြေပြစ်သူဖြစ်ပြီး သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကြောင့် ပရိသတ်ကတဖြည်းဖြည်းအားပေးလက်ခံလာသူဖြစ်ပါတယ်။

 ပုရိသတွေရဲ့ အသဲစွဲမင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ မေမြင့်မိုရ်ဟာလည်း ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။ မေမြင့်မိုရ်ဟာ ဇာတ်လမ်းတွဲတွေကတစ်ဆင့်သူမရဲ့ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် အချိန်တိုတိုအတွင်း ပရိသတ်အားပေးလက်ခံမှုများစွာရရှိလာသူလေးဖြစ်ပါတယ်။
အခုအခါမှာတော့ အောင်လေးနဲ့ မေမြင့်မိုရ်ဟာ အရံသတို့သား၊ သတို့သမီးအနေနဲ့ မင်္ဂလာပွဲမှာတွေ့ရတာဖြစ်ပြီး နှစ်ယောက်စလုံးကလည်း လိုက်ဖက်နေတာကိုတွေ့ရပါတယ်။

အောင်လေးရော မေမြင့်မိုရ်ရော နှစ်ယောက်စလုံးဟာ အနုပညာအလုပ်ကိုတစိုက်မတ်မတ်ကြိုးစားလုပ်ကိုင်နေကြသူများဖြစ်သလို သူတို့ရဲ့အချစ်ရေးဟာလည်းအေးဆေးတည်ငြိမ်နေတာတွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေရော အောင်လေးနဲ့ မေမြင့်မိုရ်တို့ကို ချစ်ကြရင် Like & Share လေးနဲ့အားပေးသွားကြပါအုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှကျေးဇူးတင်ရှိပါတယ်။

Ref:Aung Lay's FB
Leo

ads