Breaking

Thursday, November 28, 2019

ဖင်ကနေ ဝက်အူချောင်းတွေကိုစားပြတဲ့ ပြိုင်ပွဲဝင်ကြောင့် ဒိုင်တွေအံ့အားသင့်ခဲ့ရ

 နိုင်ငံတော်တော်များများက Talent show အစီအစဉ်တွေဟာ ပရိသတ်တွေကို ထူးခြား ဆန်းပြားလှတဲ့ အရာတွေကို တင်ဆက်ပေးနေတဲ့ အစီအစဉ်တွေပဲဖြစ်ပါတယ်။
German’s Got Talent အစီအစဉ်က ယှဉ်ပြိုင်သူတစ်ဦးဟာ ဒိုင်တွေကိုသာမက ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကိုပါ ပါးစပ်အဟောင်းသားဖြစ်စေခဲ့တာပါ။
 သူ့ရဲ့ အားလုံးကိုသြချစေခဲ့တဲ့ ပြကွက်ကတော့ စင်မြင့်ထက်မှာ ဖင်ထဲက ဝက်အူချောင်းတွေစားပြခဲ့တာပါ။

သူ့ရဲ့ပြကွက်ဟာ အားလုံးကို မျက်လုံးအပြူးသားဖြစ်သွားစေခဲ့တာပါ။ဒိုင်လူကြီးမင်းတစ်ဦးဖြစ်တဲ့ မော်ဒယ် Bruce Darnell ဆိုရင် နေရာကနေ ပရိသတ်ထဲကို ပြေးသွားတဲ့အထိကို အံ့သြသွားခဲ့တာပါ။
ပရိသတ်ကို အံ့အားသင့်စေခဲ့တဲ့ ပြိုင်ပွဲဝင်ဟာ ရုပ်သေးပညာ ကလေးတွေကို ဖျော်ဖြေပေးနိုင်တဲ့ နည်းပညာနဲ့ ရုပ်ပြောင်ဟာသတို့ကိုလည်း ပြုလုပ်တတ်တယ်လို့ဆိုပါတယ်။

ကဲ အားလုံးပဲ ထူးဆန်းစွာ ပြသခဲ့တဲ့ သူမရဲ့ပြကွက်ကို ကြည့်ရှုချင်တယ်ဆိုရင်တော့ အခုတင်ဆက်ပေးထားတဲ့ ဗွီဒီယိုလေးမှာ ရှုစားကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

Writer -LLA ( Shwe Yaung Lan )

POPULAR POSTS

ads