တစ်ချိန်က သွက်လက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသမီးချောလေး စမိုင်းလ်ကတော့ လတ်တလောမှာ မိသားစုနဲ့အတူ သာယာတဲ့ဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သူမကတော့ အမြဲလိုလို ပွင့်ပွင့်လင်းလင်နဲ့ အရိုးရှင်းဆုံးနေထိုင်တတ်တာကြောင့်ပရိသတ်တွေက သူမကို ပိုပိုပြီး ချစ်နေကြတာပါ။ လတ်တလောမှာတော့ စမိုင်းလ်က သူမကို မင်းသမီးတစ်ပါးလို အနားကနေ စောင့်ရှောက်ပြီး ဂရုစိုက်ပေးတဲ့သူကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့အကြောင်းကို ကြည်နူးစွာ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ တကယ့်ကို ကံကောင်းလွန်းပါတယ်နော်။
စမိုင်းလ်ကတော့ "မိန်းကလေးတိုင်းရဲ့ဘဝမှာအလိုချင်ဆုံးက ကိုယ်ချစ်တဲ့သူရဲ့ကြင်နာယုယချစ်ခြင်း .. ငွေကြေးတွေ အရာဝတ္ထုတွေထက်ပိုတန်ဖိုးထားတယ် .. မင်းသမီးလေးတစ်ပါးလိုအနားကနေစောင့်ရှောက်ပြီးဂရုစိုက်ပေးတဲ့သူ .. မောင့်အတွက်တော့ကျမကရွှေမင်းသမီးလေး 💖" ဆိုပြီး သူမကို ရွှေမင်းသမီးလေးတစ်ပါးလို ဂရုစိုက်တဲ့ ခင်ပွန်းကြောင့် ပျော်နေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
နှစ်ချို့ဝိုင်လို တစ်နေ့တစ်ခြား ပိုပိုပြီး အလှသွေးကြွယ်လာတဲ့ စမိုင်းလ်ကတော့ ကလေးနှစ်ယောက် မေမေပေမယ့် အရင်ကထက်တောင် ပိုပြီး နုပျိုလာသလိုပါပဲနော်။စမိုင်းလ်ကတော့ လတ်တလောမှာ ခင်ပွန်းဖြစ်သူနဲ့အတူ အိန္ဒိယနိုင်ငံရဲ့အထင်ကရနေရာတွေကို လျှောက်လည်ရင်း ပျော်ရွှင်နေတာပါနော်။
စမိုင်းလ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားပေမယ့်လည်း အမျိုးသမီးတွေအတွက် ခွန်အားဖြစ်စေမယ့် စာအုပ်လေးလည်း ထုတ်ထားတဲ့အပြင် မကြာခဏဆိုသလိုလည်း ဘဝခံယူချက်နဲ့ပတ်သတ်တဲ့ စိတ်ခွန်အားပေးစာလေးတွေ ဝေမျှပေးလေ့ရှိပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း သူမကို မင်းသမီးတစ်ယောက်လို ထားနိုင်သူကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းလွန်းသူလေး စမိုင်းလ်ကို အားကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Smile's Facebook Page
Thursday, November 14, 2019
Home
/
Celebrity
/
မင်းသမီးတစ်ပါးလို အနားကနေ စောင့်ရှောက်ပြီး ဂရုစိုက်ပေးတဲ့သူကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ စမိုင်းလ်
မင်းသမီးတစ်ပါးလို အနားကနေ စောင့်ရှောက်ပြီး ဂရုစိုက်ပေးတဲ့သူကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ စမိုင်းလ်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity