Breaking

Wednesday, November 13, 2019

” မောင်လေးတွေကို မကြိုက်ဘဲ ဘီးကျဲတွေပဲခိုက်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော် “

 ခပ်မိုက်မိုက်စတိုင်နဲ့ ခပ်ဟော့ဟော့ ပုံစံလေးကို ချစ်တဲ့ အမျိုးသားတွေနဲ့ ခေတ်ဆန်တဲ့မမ ကိုမှ ရင်ခုန်ချင်တဲ့ အမျိုးသား တွေ ကြားမှာ သင်ဇာကတော့အရမ်းကိုရေပန်းစားသူလို့ဆိုရမှာပါ။ပုံအသစ် တင်လိုက်ပြီဆိုတာနဲ့ ဟင်ခနဲဟာခနဲ ဖြစ်အောင် ပုရိသတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိထားတဲ့ အနုပညာရှင်ဆယ်လီမမတစ်ဦးပါပဲနော်။ လူမှု ကွန်ရက်စာမျက်နှာ မှာတင် မဟုတ်ဘဲ Instagram မှာလည်း အမျိုးသား Follower တွေ အခိုင်အမာရရှိထားတဲ့ သူပဲ ဖြစ်ပါတယ်။ သူမပုံတွေကို ရှယ်တဲ့ အမျိုးသားအရေအတွကို ကြည့်လိုက်တာနဲ့ သူမရဲ့ နောက်မှာ အမျိုးသားပရိသတ်အင်အား ဘယ်လောက်များ လဲ ဆိုတာကို သိနိုင်ပါတယ်နော်။

 သင်ဇာကတော့ ရုပ်ရှင်ဇာတ်ကားတွေအပြင် သူမရဲ့ပွဲတက်ဖက်ရှင်တွေကတော့ ပရိသတ်တွေကို အမြဲဖမ်းစားနိုင်သူလေးလို့ ဆိုရမှာပါ။ သူမရဲ့အချစ်ရေးကတော့ ဖော်ရိန်နာချစ်သူနဲ့ နှစ်ဦးသဘောတူလမ်းခွဲပြီးတဲ့နောက် တစ်ကိုယ်တည်း Single ဘဝနဲ့ နေနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမဘယ်အချိန် ချစ်သူရရျိမလဲလို့ အမြဲစောင့်ကြည့်နေကြတာပါ။
သင်ဇာကတော့ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ရည်းစားထပ်ထားခဲ့မယ်ဆိုရင်လည်း သူမလိုချင်တဲ့ ချစ်သူရည်းစားပုံစံကိုပြောပြခဲ့ပါတယ်။ သူမကတော့ အသက်ငယ်တဲ့မောင်လေးတွေကို စိတ်မဝင်စားဘဲ သူမထက်အသက်(၅)နှစ် (၆)နှစ် ကြီးတဲ့ အကိုကြီးတွေကို စိတ်ဝင်စားတယ်လို့ သိရပါတယ်။ သူမကတော့ ချွဲနွဲ့တတ်တဲ့ Type မျိုးမဟုတ်တာကြောင့် မောင်လေးတွေကိုဆို အရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်နေရမှာဆိုးလို့ မကြိုက်ပါဘူးတဲ့နော်။CeleConnections ပရိသတ်ကြီးရော သင်ဇာနဲ့ အကြိုက်တူတဲ့သူတွေရှိလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။Source : Myanmar Celebrity
credit-Candy – CeleConnections

POPULAR POSTS

ads