Breaking

Saturday, November 23, 2019

အကိုဝမ်းကွဲဖြစ်သူပျောက်နေတာကြောင့် တွေ့ရှိရင် အကြောင်းကြားပေးဖို့ အကူအညီတောင်းလိုက်တဲ့ သဇင်ထူးမြင့်

 သရုပ်ဆောင်မင်းသမီးချောလေးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ လတ်တလောမှာသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အကူအညီတောင်းထားတဲ့ ပိုစ့်လေးတစ်ခုကိုဖော်ပြလာပါတယ်။အဲ့တာကတော့ သူ့ရဲ့ အကို ဝမ်းကွဲဖြစ်သူဟာ အဆက်အသွယ်မရဘဲ ပျောက်နေတာကြောင့်ဖြစ်ပါတယ်။သဇင်ထူးမြင့်က “သဲရဲ့အကိုတစ်ဝမ်းကွဲ (၂၁)ရက်နေ့ညနေ(၆)နာရီကတည်းက အခုအချိန်ထိ အဆက်သွယ် မရတော့ဘဲပျောက်နေလို့ပါ”လို့ ဖော်ပြထားတာပဲဖြစ်ပါတယ်။

 သဇင်ထူးမြင့်က အကိုဖြစ်သူရဲ့အကြောင်းနဲ့ ပတ်သက်လို့လည်း “သူကပုံမှန်ဆိုလူလည်းအရမ်းကြောက်တတ်တယ်။အိမ်ထဲကအိမ်ပြင်လည်းသိပ်မထွက်တတ်ဘူး။အပေါင်းအသင်းလည်းအရမ်းနည်းပါတယ်။”လို့ ဖော်ပြထားပြီး အခုတတ်နေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားလေး ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ သတင်းကြောင့်လည်း မိဘတွေက အရမ်းကို စိတ်ပူနေကြတဲ့ အကြောင်းနဲ့ အကိုဖြစ်သူကို တွေ့ခဲ့ရင် ဆက်သွယ်ပေးဖို့ကိုလည်း သူ့အကိုဝမ်းကွဲရဲ့ပုံလေးနဲ့ အတူ အကူအညီတောင်းဆိုထားတာပဲဖြစ်ပါတယ်။

သဇင်ထူးမြင့်ကို အားပေးပြီး ချစ်ခင်တဲ့ ပရိသတ်တွေကလည်း သက်ဆိုင်ရာကို အကြောင်းကြားထားသင့်ကြောင်းကို အကြံပေးပြောကြားထာကြပြီး အမြန်ဆုံးပြန်လည်တွေ့ရှိစေဖို့နဲ့ သဲလေးတစ်ယောက် အတော်လေးကို စိတ်ပူနေကြတာကြောင့် တွေ့ရှိခဲ့ရင် အကြောင်းကြားပေးမယ့်အကြောင်းတွေကိုလည်း အားပေးပြောဆိုထားကြပါသေးတယ်။ ပရိသတ်ကြီးတွေလည်း လူ့အသက်တစ်ချောင်းကယ်ကောင်းတဲ့ အရာမို့ တွေ့ရှိခဲ့ရင် အကြောင်းကြားပေးလို့ရအောင် ဒီသတင်းလေးကိုဖော်ပြပေးလိုက်ပါတယ်။

POPULAR POSTS

ads