ပရိသတ်တွေ အရမ်းချစ်ခင်ကြတဲ့ မင်းသမီးချောလေး မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာ အလုပ်တွေနဲ့ အနည်းငယ်ဝေးကွာခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ လည်း သူ့ရဲ့ ချစ်ဖို့ကောင်းတဲ့ မိသားစုနဲ့ တစ်ချိန်ကကြိုးစားအားထုတ်ခဲ့တဲ့ အနုပညာလှုပ်ရှားမှုကြောင့် ပရိသတ်တွေ ချစ်ခင်စိတ်ဝင်စားမှု အပြည့်အဝရရှိနေသူဖြစ်ပါတယ်။
မိုးယုစံ ဟာသူ့ရဲ့ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ တောင်ကြီးတန်ဆောင်နိုင်မီးပုံးပျံပွဲကိုရောက်ရှိနေတာလည်းဖြစ်ပါတယ်။ သူရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့အတူ ကျန်ခဲ့တဲ့သားလေး Austin လေးကိုလွမ်းနေကြောင်းပြောပြထားပါတယ်။
ချစ်ဖို့ကောင်းနေတဲ့ မိုးယုရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်မိုးယုစံဟာ လက်ရှိမှာ သူမအရမ်းချစ်တဲ့ ခင်ပွန်းနဲ့ သားလေး ဖြစ်တဲ့ ကောင်းသိင်္ခသူကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ သားလေးဖြစ်တဲ့ ကောင်းသိင်္ခသူဟာလည်း အမေတူလေးမို့ ပရိသတ်တွေ ချစ်ခင်ကြတဲ့ ကလေးလေးတစ်ယောက်ဖြစ်ပါတယ်။
မိုးယုစံတို့အိမ်ထောင်ရေးဟာလည်း ၃ နှစ်နီးပါ ရှိနေပြီး အလိုလိုက်ပြီး အရမ်းချစ်တတ်တဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ သားလေးကြောင့် မိုးယုတို့မိသားစုဘဝလေးကလည်း အများအားကျ ကြည်နူးနေရတဲ့ မိသားစုဘဝလေးဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေရောမိုးယုလေးကိုချစ်ကြသေးရဲ့လားဗျ။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှ ကျေးဇူးတင်ရှိပါတယ်။
Ref: Moe Yu San's FB
Leo
Sunday, November 10, 2019
ညအိပ်ဝတ်စုံလေးနဲ့ ကလေးမေမေတစ်ယောက်လို့မထင်ရအောင် ချစ်ဖို့ကောင်းနေတဲ့ မိုးယုစံ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity