Breaking

Thursday, November 28, 2019

ကစ်ကစ် ကို ကူညီပေးခဲ့တဲ့ ခင်သဇင် အတွက် မြန်မာ့ရုပ်ရှင်အစည်းအရုံးက ပေးအပ်လိုက်တဲ့ အရာတစ်ခု

 ရုပ်ရှင်ဇာတ်ကားတွေကတစ်ဆင့် ကြည့်ရှုသူပရိတ်သတ်တွေကို အမြဲတမ်းပျော်ရွှင်စေခဲ့တဲ့ သရုပ်ဆောင် ကစ်ကစ် ဟာ ပြီးခဲ့တဲ့ ၂၆ ရက်နေ့က ကျောက်ကပ် ၊ ဆီးချို ၊ နှလုံးစတဲ့ရောဂါတွေနဲ့ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပါပြီ။ သူမ မကျန်းမာချိန်တွေမှာ ဆွေမျိုးမရှိလှတဲ့ ကစ်ကစ်အတွက် သရုပ်ဆောင် ခင်သဇင်ကပဲ တစ်ကိုယ်တော် ပရဟိတစိတ်နဲ့ လိုအပ်တဲ့ ဆေးဝါးကအစ အကူအညီပေးခဲ့တဲ့ သူလည်းဖြစ်ပါတယ်။

 ကာလရှည်ကြာ မကျန်းမာတဲ့ သရုပ်ဆောင်ကစ်ကစ်ကို သမီးဖြစ်သူကပင် ငြိုငြင်သော်လည်း ခင်သဇင်တစ်ယောက်ကတော့ မငြိုမငြင်ပဲ လိုချင်တဲ့ဆေး ၊ လိုအပ်တဲ့အကူအညီကိုတစ်ယောက်တည်းသော်လည်ကောင်း ၊ သူမနိုင်တာတွေကို အလှူခံ၍သော်လည်းကောင်း ကူညီဆောင်ရွက်ပေးခဲ့တာလည်း အားလုံးအသိပါနော်။အခု သရုပ်ဆောင် ကစ်ကစ်ရဲ့ နောက်ဆုံးခရီးမှာလည်း သူမကိုယ်တိုင်ပဲ ဦးစီးပြီးတော့တတ်နိုင်သမျှကို ကူညီလုပ်ဆောင်ပေးနေတဲ့ ပရဟိတစိတ် ၊ ဆွေမျိုးမတော်ပေမယ့် အနုပညာသမားအချင်းချင်း ဖေးမကူညီတတ်တဲ့ စိတ်ကြောင့် ပရိသတ်တွေက လေးစားရတဲ့ အနုပညာသည်တစ်ဦးလည်းဖြစ်ပါတယ်။



သူမရဲ့လုပ်ဆောင်ချက်တွေကြောင့်ရော ၊ အနုပညာသည်အချင်းချင်းကို ရိုင်းပင်းကူညီတတ်မှုတွေကြောင့်ပါ ရုပ်ရှင် အစည်းအရုံးက သူမရဲ့ လုပ်ဆောင်မှုတွေအတွက် သူမကို အသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။ ဘာကိုမှ မမျှော်လင့်ခဲ့ပေမယ့် အခုလို ရုပ်ရှပ်အစည်းအရုံးက မှတ်တမ်းတင်ဂုဏ်ပြုခံရတဲ့ သူမအတွက်ဝမ်းသာမိပါတယ်။ ဒါကြောင့် ပရိသတ်ကြီးလည်း ဝမ်းသာရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Credit Shwe Yaung Lan

POPULAR POSTS

ads