လွန်ခဲ့တဲ့ ရက်ပိုင်းက ဟာသသရုပ်ဆောင် ကစ်ကစ် ကွယ်လွန်ပြီးသွားတဲ့နောက် ပရိသတ်တွေနဲ့တကွ အနုပညာရှင်တွေက စိတ်မကောင်း ဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။ ဒီနှစ် (၂၀၁၉) ခုနှစ်မှာတော့ ပရိသတ်တွေ ရယ်မောပျော်ရွှင်ရအောင် ကြိုးစားခဲ့ကြတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော်တွေ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက် ( ၇ နာရီ ၃၀ မိနစ်) မှာလည်း ဟာသလူရွှင်တော် သာဇံ တစ်ယောက် ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်အနောက်ပိုင်းဆေးရုံမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ဟာသလူရွှင်တော် သာဇံက အသည်းရောဂါဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရပြီး လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက အနောက်ပိုင်းဆေးရုံမှာ ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။
လူရွှင်တော်ချက်ကြီးနဲ့တကွ လူရွှင်တော်တွေစုပေါင်းပြီး ဒီဇင်ဘာလ (၂) ရက်နေ့မှာ သာဇံအတွက် ဆေးကုသစရိတ် ရှာဖွေဖို့ ဇာတ်ကဖို့ ပြင်ဆင်ထားပြီးကာမှ သာဇံက ရုတ်တရက်ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။သာဇံက ကွယ်လွန်သွားတဲ့အချိန်မှာတော့ ဇနီးနဲ့ သမီးလေးတစ်ယောက်သာ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ လူရွှင်တော် သာဇံတစ်ယောက် ကောင်းရာမွန်ရာ ဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Rowena
Source: Comedian ChatGyi
Friday, November 29, 2019
အသည်းရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသလူရွှင်တော် သာဇံ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity