ချစ်စရာကောင်းတဲ့ အပြုံးလေးတွေရဲ့ ပိုင်ရှင် မင်းသမီးချောလေး နေခြည်ရွှန်းလက်က ဆံနွယ်ရှည်လေးတွေနဲ့ မြန်မာဆန်ဆန်လှပတဲ့ မိန်းကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေခြည်ရွှန်းလက်က မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာရာမှ နောက်ပိုင်း ဇာတ်လမ်းတွဲတွေမှာ အဓိက မင်းသမီးအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်စား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။
ဒီကနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေရဲ့ ပိုင်ရှင် နေခြည်ရွှန်းလက်ရဲ့ အသက် (၂၀) ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။နေခြည်ရွှန်းလက်က သူမရဲ့ မွေးနေ့လေးမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ရပ်ကွက် စစ်တောင်းလမ်းနှင့်ရတနာလမ်းထောင့်ရှိ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် တွင် နံနက်(၁၀)နာရီတွင်တရားနာပြီး (၁၂)နာရီထိ သံဃာအပါး(၂၈၀)ကို အာရုံဆွမ်း နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှာ ဖြစ်ပါတယ်။
နေခြည်ရွှန်းလက်ကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်လာပြီး အနုပညာလုပ်ငန်းတွေကိုလည်း ဆက်တိုက်သလို လုပ်ကိုင်နေလျက်ရှိပါတယ်။
နေခြည်ရွှန်းလက်ရဲ့ အသက် (၂၀)ပြည့် မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာတိုင် အနုပညာလောကမှာ ထွန်းလင်းတောက်ပတဲ့ ကြယ်ပွင့်လေးတစ်ပွင့် ဖြစ်ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်နော်။
Rowena
Source: Nay Chi Shoon Lak's fb
Tuesday, November 12, 2019
ဒီကနေ့မှာကျရောက်တဲ့ မင်းသမီးချောလေး နေခြည်ရွှန်းလက်ရဲ့ အသက်(၂၀) ပြည့်မွေးနေ့
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity