Breaking

Wednesday, November 20, 2019

“လုံးဝခွင့်မလွှတ်နိုင်တဲ့ လုပ်ရပ်ကို ပြုလုပ်နေတာကြောင့် ချစ်သူကို လမ်းခွဲဖို့ဆုံဖြတ်လိုက်ရတဲ့ မိုးအောင်ရင်”

 သရုပ်ဆောင် မင်းသားချောလေးမိုးအောင်ရင်ကတော့ တစ်ချိန်က မိုက်မဲမိခဲ့တဲ့ အပြစ်တွေရဲ့ အပြစ်ဒဏ်ကို ခံယူပြီးပြန်လည်လွှတ်မြောက်လာပြီးနောက်မှာတော့ အကောင်းမွန်ဆုံးပြန်လည်အမှားပြင်ဆင်နေထိုင်နေတာကိုလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။အခုလို ကိုယ်တိုင်က အကောင်းမွန်ဆုံးနေထိုင်နေသလို ဖခင်ဖြစ်သူ ဦးအောင်ရင်ကလည်း သားဖြစ်သူ လမ်းမှားကို ပြန်လည်မရောက်အောင်ပြုပြင်ထိန်းကျောင်းပေးနေတာကိုလည်း တွေ့ရပါတယ်။
 မိုးအောင်ရင် ကိုယ်တိုင်ကလည်း ဒီလိုအမှားမျိုးထပ်မံမဖြစ်ပေါ်လာအောင် အရက်၊ဆေးလိပ်တွေကိုတောင် ရှောင်ကြဉ်နေတဲ့အပြင် အပေါင်းအသင်းတွေကိုကအစ ရွေးချယ်ပြီးပေါင်းသင်းတာတွေကိုတောင် ပြုလုပ်ပြီး နေထိုင်နေတာပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ မိုးအောင်ရင်ဟာ အနုပညာအလုပ်တွေကိုလည်း တစိုက်မတ်မတ်နဲ့ လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပြန်လည်ရိုက်ကူးရတဲ့ အထိပါအောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။
လတ်တလောမှာတော့ မိုးအောင်ရင်ဟာ သူ့ရဲ့ အချစ်ရေးကိစ္စနဲ့ ပတ်သတ်လို့လည်း ချစ်သူကောင်မလေးနဲ့ လမ်းခွဲပြတ်စဲလိုက်ပြီလို့ပြောကြားလာတာပဲဖြစ်ပါတယ်။မိုးအောင်ရင်ရဲ့ ချစ်သူကောင်မလေးကတော့ မူးယစ်ဆေးဝါးကို သုံးစွဲနေသေးတာကြောင့်ဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းနဲ့ အင်တာဗျူးဖြေကြားလာတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ မိုးအောင်ရင်တစ်ယောက် ရင်ဖွင့်ပြောကြားလာတဲ့ ဗီဒီယိုဖိုင်လေးကိုလည်းဖော်ပြပေးလိုက်ပါတယ်။CRD-Cele Gabar

POPULAR POSTS

ads