Breaking

Sunday, November 10, 2019

မိသားစုနဲ့ ချောင်းသာကမ်းခြေမှာ အပန်းဖြေခဲ့တဲ့ ပုံရိပ်တွေကို ပြသလိုက်တဲ့ မြတ်ရတနာကျော်

 အရမ်းကို လိုက်​ဖက်​ညီတဲ့ အဆိုတော် Ah boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်​ဦးနဲ့တစ်​ဦး နားလည်​မှုအပြည့်​နဲ့​ရှေ့ဆက်​နေကြတာပါ။ လတ်​တ​လောမှာ​တော့ မြတ်​ရတနာ​ကျော်​က သူမတို့ဇနီး​မောင်​နှံနှစ်​ဦးရယ် ချစ်ရတဲ့ သမီးလေး စကားလက်ဖြိုးထွန်းရယ်နဲ့အတူ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီး ထွက်ခဲ့တုန်းက ပုံလေးတွေကို​ဝေမျှ​ပေးထားတာပါ။ မိုမို​လေးချစ်​ပရိသတ်​တွေအတွက်​မြင်​ရုံနဲ့တင်​ကြည်​နူးမှု​တွေကူးစက်​စေမယ့်​ Ah boyနဲ့​မြတ်​ရတနာ​ကျော်တို့ မိသားစုသုံးယောက်ရဲ့ပုံရိပ်တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

 မြတ်ရတနာကျော်ကတော့ "ချောင်းသာသွားတုန်းက အချစ်တွေနဲ့ ပုံလေးတွေ  ♥️♥️" ဆိုပြီး မိသားစုနဲ့ ချောင်းသာသွားခဲ့တဲ့ အမှတ်တရ ပုံရိပ်လှလှလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။စကားလက်လေးကလည်း ပဲတွေပေးတတ်နေပြီနော် ချစ်ဖို့ကောင်းချက်ပဲ


Ah boy နဲ့ မြတ်ရတနာကျော်တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က အခမ်းနားဆုံး ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၈ စက်​တင်​ဘာလ ၁၃ရက်​နေ့မှာ​တော့ သမီး​လေး Scarlett ကို​မွေးဖွားခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်​စရာ​ကောင်းတဲ့ သမီး​လေးရယ် ခင်ပွန်းရယ်နဲ့အတူ အနာဂတ်​ခရီးကို​ရှေ့ဆက်​မယ့်​Ah boy နဲ့ မြတ်ရတနာကျော်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Myat Yadanar Kyaw's Facebook
Photo:Yeminlay Photography

POPULAR POSTS

ads