ဒီအရွယ်လေးနဲ့ မိခင်ရဲ့ရင်ငွေ့ကိုတော်တော်လေးသိပြီး မိခင်ကိုတော်တော်ခင်တွယ်ပုံပါပဲ။ ချစ်ဖို့ကောင်းတဲ့သားလေးကို ဖေဖေအောင်သူကလည်း အသည်းတုန်နေအောင်ချစ်ပြီး ဘယ်နေရာမဆို သားလေးအိပ်ပျော်ဖို့အတွက် သီချင်းဆိုသိပ်တတ်တဲ့ ဖခင်မေတ္တာကလည်း အံ့မခန်းပါပဲ။ လက်ရှိမှာတော့ ထိုင်းနိုင်ငံက ဘောလုံးအသင်းတစ်ခုမှာသွားရောက်ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။
မေမေကတော့ ချစ်ရတဲ့သားလေးကိုအချိန်ပေးနိုင်ဖို့အတွက်အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားပုံပါပဲ။ ချစ်စရာကောင်းတဲ့မေမေနဲ့သားသားရဲ့ အပြန်အလှန်စကားတွေပြောနေတဲ့ ဗီဒီယိုလေးကို ” မေးနေတဲ့သူတောင် မောလာပြီ သူက ပြောလို့မဝသေးဘူး “အင်း” ရှုံးတယ်ဆိုတာ ဒီသောကြာသားလေးပါခမျာ ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။