Breaking

Tuesday, November 12, 2019

မြန်မာအိုင်ဒေါပြိုင်ပွဲနဲ့ပတ်သက်ပြီး ဆုတောင်းစကားတွေရေးကာ မီးပုံပျံလွှတ်ခဲ့တဲ့အေးမြဖြူလေး

 လက်ရှိအချိန်မှာအကြိတ်အနယ်ယှဉ်ပြိုင်နေတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲမှာ အနိုင်ရဖို့အထိရေပန်းစားနေသူတွေထဲကတစ်ယောက်ဖြစ်တဲ့သူလေးကတော့ အေးမြဖြူပါ။ top -10 အထိလည်းရောက်လာခဲ့ပြီမို့ ပိုပြီးတော့ရင်ခုန်စရာကောင်းနေခဲ့တာဖြစ်ပါတယ်။တကယ့်ကိုအရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တွေကျန်နေသေးတဲ့အထဲက အေးမြဖြူလည်းအပါအဝင်ဖြစ်ပါတယ်။

 အေးမြဖြူဟာအနုပညာအရည်အချင်းမသေးလှတဲ့သူတစ်ယောက်ပါ။ကလေးဘဝတုန်းက သရုပ်ဆောင်ပီပြင်တဲ့ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့သလို အဆိုပိုင်းမှာလည်း မြန်မာသံစဉ်အပြင် ခေတ်ပေါ်တေးဂီတတွေပါပိုင်နိုင်စွာသီဆိုနိုင်တဲ့သူတစ်ယောက်ပါ။တန်ဆောင်မုန်းလပြည့်ညမှာတော့ အေးမြဖြူတစ်ယောက် ပြိုင်ပွဲမှာအကောင်းဆုံးယှဉ်ပြိုင်သွားချင်တဲ့ ဆုတောင်းလေးကိုရေးသားပြီးတော့ မီးပုံးပျံလွှတ်ခဲ့ပါတယ်။
ဒီအကြောင်းလေးကို ဖေ့ဘွတ်ခ်မှာ ပရိသတ်ကိုပြန်လည်မျှဝေပေးခဲ့ပါတယ်။ မြန်မာအိုင်ဒေါပြိုင်ပွဲနဲ့ပတ်သက်ရင် ပရိသတ်တွေကအကြိတ်အနယ်အားပေးကြသလို ပြိုင်ပွဲဝင်တွေကလည်း အရမ်းကိုစိတ်လှုပ်ရှားနေမှာအမှန်ပါပဲ။အေးမြဖြူတစ်ယောက် အခက်အခဲမရှိစိတ်အေးချမ်းသာစွာနဲ့ပွဲစဉ်တစ်လျှောက်ကောင်းမွန်စွာယှဉ်ပြိုင်နိုင်ပါစေနော်…။Source : AyeMyaPhyu,CRD-Cele gabar

POPULAR POSTS

ads