Breaking

Saturday, November 16, 2019

ကျားအင်္ဂါ ပြတိုက်ကို မြင်ပြီးနောက် ကမ္ဘာ့ ပထမဆုံး “မအင်္ဂါပြတိုက်” ကို ဖွင့်လှစ်ခဲ့တဲ့ သူ

 အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က Camden မြို့နယ်မှာ “မအင်္ဂါပြတိုက် – Vagina Museum” ကို ဖွင့်လှစ်ပြီး အမျိုးသမီးနဲ့ပဲ သက်ဆိုင်တဲ့ ထူးခြားဆန်းပြား ပစ္စည်းမျိုးစုံကို ခင်းကျင်းပြသထားပါတယ်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က မအင်္ဂါပြတိုက်က ကမ္ဘာ့ ပထမဆုံး “မအင်္ဂါပြတိုက်” ဖြစ်ပါတယ်။
“ကျားအင်္ဂါပြတိုက်” ဟာ “မအင်္ဂါပြတိုက်” မတိုင်ခင် ကတည်းက အိုက်စလန်နိုင်ငံမှာ တည်ရှိနေပြီးသား ဖြစ်ပါတယ်။မအင်္ဂါပြတိုက်မှာ ဘောပင်က အစ စာအုပ် အဆုံး အခြား အမျိုးသမီးနဲ့ သက်ဆိုင်တဲ့ ထူးခြား ပစ္စည်းကို ရောင်းလည်း ရောင်းသလို၊ ခင်းကျင်းလည်း ပြသထားပါတယ်။
မအင်္ဂါပြတိုက်မှာ ရောင်းနေတဲ့ ထူးခြား ပစ္စည်းတွေထဲက အချို့မှာ “မအင်္ဂါ ဇာထိုး အင်္ကျီ၊ မအင်္ဂါဆွဲသီး နဲ့ ဓမ္မတာကဒ်” တို့ ဖြစ်ပါတယ်။ အခြားရောင်းတဲ့ ပစ္စည်းတွေက ကော်ဖီခွက်၊ ဘောပင်၊ စာအုပ် နဲ့ အခြား ပစ္စည်းတွေ ဖြစ်ပါတယ်။DailyStar သတင်းက မအင်္ဂါပြတိုက်ကို တည်ထောင်ခဲ့တဲ့ သူဟာ Florence Schecter ဖြစ်ပြီး သူမဟာ ကျားအင်္ဂါပြတိုက်ကို မြင်ပြီးနောက် မအင်္ဂါပြတိုက်ကို တည်ထောင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။သူမဟာ အိုင်စလန်နိုင်ငံမှာ ကျားအင်္ဂါပြတိုက် ရှိတာကို သိသွားခဲ့ပြီးတဲ့နောက် အင်္ဂလန်နိုင်ငံမှာ မအင်္ဂါပြတိုက်ကို တည်ထောင်ခဲ့ပြီး သူမက ဒီလိုတည်ထောင်နိုင်ဖို့ (၂) နှစ်ကြာ ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။
အိုင်စလန်နိုင်ငံမှာ တည်ရှိနေတဲ့ ကျားအင်္ဂါ ပြတိုက်ဟာ တိရစ္ဆာန် မျိုးစုံရဲ့ ကျားအင်္ဂါတွေကို ပြသထားပြီး၊ ကျားအင်္ဂါ အမျိုးအစားပေါင်း (၁၀၀) ကျော်ပါတယ်။
မအင်္ဂါ ပြတိုက်ကို တည်ထောင်သူ၊ Schecter က အမျိုးသမီးတွေရဲ့ မအင်္ဂါကို ပြသထားတဲ့ ပြတိုက်ရှိမှသာ တရားမျှတမယ်လို့ ပြောသွားပါတယ်။ သူမက မုဒိန်းမှု၊ အိမ်တွင်းအကြမ်းဖက် နဲ့ လိင်ကျန်းမားရေကို အသိပေးသွားမယ်လို့ ပြောသွားပါတယ်။
credit-Ko Khant ( D Nae Khit Media )

POPULAR POSTS

ads