အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာရရှိထားတဲ့ ထိတ်ထိတ်ကြဲ အနုပညာရှင်တွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖွေးဖွေးတို့ နှစ်ဦးကတော့ ဆယ်စုနှစ်တစ်ခုလောက်အထိ တစ်ဦးနဲ့တစ်ဦး ခင်ခင်မင်မင်ရှိခဲ့ကြတဲ့ သူငယ်ချင်းနှစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စိုင်းစိုင်းခမ်းလှိုင်က သူငယ်ချင်းဖြစ်သူ ဖွေးဖွေးရဲ့ပရိသတ်တစ်ဦးဖြစ်ကြောင်း ဖွေးဖွေးရဲ့ကြော်ငြာအရုပ်ကြီးနဲ့အတူ ဓါတ်ပုံတွဲရိုက်ရင်း ပြသလိုက်တာပါ။ အောင်မြင်တဲ့ အနုပညာရှင်တွေပေမယ့် တစ်ဦးနဲ့တစ်ဦး မောင်နှမတွေလို ခင်မင်ရင်းနှီးကြတဲ့ စိုင်းစိုင်းနဲ့ ဖွေးဖွေးတို့ရဲ့Friendship လေးကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းပါတယ်နော်။
စိုင်းစိုင်းခမ်းလှိုင်ကတော့ "ပျင်းလို့ ပုံတွဲရိုက်" ဆိုပြီး ဖွေးဖွေးရဲ့ကြော်ငြာပုံကြီးနဲ့ Selfie ရိုက်ထားတဲ့ ပုံရိပ်လေးကို သူ့ရဲ့My Day မှာ ဝေမျှပေးထားခဲ့တာပါ။ စိုင်းစိုင်းနဲ့ ဖွေးဖွေးတို့ သူငယ်ချင်းနှစ်ဦးကတော့ မကြာခဏဆိုသလို ကြော်ငြာတွေ၊ ရုပ်ရှင်တွေအတူရိုက်ရင်းလည်း ဆုံကြတာ တွေ့ရပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရင်းနှီးတဲ့ သူငယ်ချင်းဆက်ဆံရေးရှိတဲ့ သူတို့နှစ်ဦး...။
အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ မင်းသမီးချောလေး ဖွေးဖွေးတို့နှစ်ဦးကတော့ "ကျူးပစ်ရဲ့ကျေးကျွန်များ"၊ "ရည်းစားတစ်ဝမ်းကွဲ"နဲ့ "ကြာတော့သည်လည်း မောင့်စကား" အစရှိတဲ့ ရုပ်ရှင်ကောင်းများစွာကိုလည်း အတိုင်အဖောက်ညီညီနဲ့ အတူရိုက်ကူးခဲ့ကြပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ခင်ခင်မင်မင်ရှိလှတဲ့ စိုင်းစိုင်းနဲ့ ဖွေးဖွေးတို့ သူငယ်ချင်းနှစ်ဦးကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Sai Sai Kham leng's Facebook
Wednesday, November 13, 2019
သူငယ်ချင်း ဖွေးဖွေးရဲ့ပရိသတ်တစ်ဦးဖြစ်ကြောင်း ပြသလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity