Breaking

Monday, November 25, 2019

သူမကိုကုတင်ပေါ်က မဆင်းဘူးလို့ပြောနေကြသူတွေကို ခပ်ကြမ်းကြမ်းစကားလုံးတွေနဲ့ တုန့်ပြန်လိုက်တဲ့ လှနုထွန်း

 မြန်မာမော်ဒယ်မိန်းကလေးတွေကို မွေးထုတ်ပေးနေသူတစ်ဦးဖြစ်သလို အင်္ဂလိပ်စာဆရာမ ၊ သင်တန်းဆရာမတစ်ဦးလည်း ဖြစ်တဲ့ မလှနုထွန်းဟာ သူမရေးသားတဲ့ အိမ်ထောင်ရေး အသိပညာပေးစာ တချို့နဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာ ခံနေရသူတစ်ဦးလည်းဖြစ်ပါတယ်။ အခုလည်း သူမရေးသားတဲ့ စာသားတွေအရ သူမကို ကုတင်ပေါ်ကမဆင်းဘူးလို့ ဝေဖန်လိုက်ကြသူတွေကို ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြန်တုန့်ပြန်လိုက်လို့ လူတွေက ထပ်ပြီး ဝေဖန်တုန့်ပြန်မှုတွေ ခံနေရပြန်ပြီပဲ ဖြစ်ပါတယ်။


 လှနုထွန်းက သူမရဲ့ ဖေ့ဘုတ်မှာ ” ပြောပါဦး ကျမကို ကုတင်ပေါ်က မဆင်းဘူးပြောနေကြတာ အမတို့ လည်း ကုတင်မ၀ယ်နိုင်ရင်အောင် ဖျာနဲ့တော့ အိပ်မပေါ့၊ တချို့ ဆို ခြုံပုတ်ဘေးမှာတင် ပြီးနေကျတာလေ၊ တချို့ ကတော့ တလင်းပြင်ပေါ် ကောက်ရိုးပုံဘေးပေါ့။ ဆယ်ကျော်သက်တွေ ဖတ်ရင် ရှက်စရာတွေ လို့ ပြောနေရအောင် အပျိုဖြစ်ကတည်းက ဒါတွေ သင်မပေးထားရင် ရည်းစားက နှိုက်မြည်းပြီး ထားခဲ့တာမျိုး ယောက်ျားပစ်တာခံရတာမျိုးနဲ့ ပဲ အဆုံးသတ်မှ အမေနဲ့ သမီး ဖက်ငိုနေရမှာ” လို့ ပြောလိုက်တာပါ။
သူမက ဆက်ပြီး ” ပြောသေးတယ် လှနုထွန်းက မိုးလင်းတာနဲ့ တုတ်ပဲ စဉ်စားနေတာပဲ ပြောရအောင် ဒီတုတ် ကောင်းကောင်းရဖို့ ပဲ အမတို့ မိဘတွေက အပျိုစင်ဘ၀ကို ထိန်းသိမ်းထားခိုင်းတာ မဟုတ်လား တုတ်ကိုးကွယ်တာ အမတို့  မိဘတွေက ထိပ်ဆုံးကနော် ဟင်းဟင်း၊ အော် နောက်တခုရှိသေးတယ်။ ဘာတဲ့ သုတ်ပိုးနားထင်ရောက်နေတယ်တဲ့ ပန်းထွက်မှတော့ နားတင်တင်မကဘူး ဆံပင်ပါပေတော့မပေါ့ရှင် အမတို့ ပဲ ဒါလေးထွက်ဖို့ အရေး အပျိုဘ၀ ပေးဆပ် ကြတာ မဟုတ်ဖူးလား၊ အခါတော် ဘာညာရွတ်ဖတ်ပြီး ပျော်မဆုံးပေါင် လုပ်နေကြတာ မဟုတ်ဖူးလား ညကျရင် ငါ ခံရတော့မယ်ဟေ့ ဆိုပြီး မင်္ဂလာမုန့် တွေ ကျွေးတာလေ လက်ခုပ်တောင် တီးခိုင်းလိုက်သေးတော့ ဟိုတယ်တွေ ဘုန်းကြီးကျောင်းတွေမှာလေ ဘုန်းကြီးကိုတောင်ဆွမ်းပင့် လိုက်သေး မဟုတ်လို့ လား ပြောပါ၊


ကျမ ရေးထားတာ တစ်ဦးနဲ့ တစ်ဦး လေးစားမှုကို အခြေခံဖို့ ရေးထားတာလေ အမတို့ ပြောတဲ့ တုတ်တို့ သုတ်တို့ အကြောင်း ဘာမှ မပါဘူး၊ ကျမကို စော်ကားပြီးပြောကြလို့ ကျမက ဘာမှ မဖြစ်ဖူး အမတို့ အပေါက်ဆိုးတာ ကို အမတို့ မိတ်ဆွေတွေက မြင်မယ် ချစ်သူတွေက မြင်မယ် ရှက်လိမ့်မယ် သိလား ကိုယ့်အဆင့်အတန်းကိုယ့် လှနုထွန်းပေ့ခ်ျမှာ လာလာချပြနေကြတာ ကျမက အနေသာကြီးပါ၊ ရှက်ရမှာက အမတို့ နော် ကျမမဟုတ်ဖူး နော် ချစ်တဲ့ လှနု” ဆိုပြီး ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။အဆိုပါ ပို့စ်နဲ့ ပတ်သက်ပြီး လူပေါင်းများစွာက သူမဘက်ကမပါဘဲ သူမကို ပြစ်တင်ပြောဆိုနေကြတာကို တွေ့ရတဲ့အခါမှာတော့ လှနုထွန်းက “မနေ့ ည ဆယ်နာရီ ဆယ့်ရှစ်မိနစ်က တင်လိုက်တဲ့ လှနု ရဲ့ Post အတွက် စိတ်အနှောက်အယှက် ဖြစ်သွားသူများအားလုံးကို တောင်းပန်ပါတယ်ရှင့် ၊ ဆောင်ရန်ရှောင်ရန် ရိုက်ထားတာလေးတွေ ဆို အကြံပေးရေးတာ share တာ နည်းပြီး အိမ်ထောင်ရေးအကြောင်းဆို နာမည်စုံပေး ဝေါဟာရကြွယ်ဝစွာ သုံးပြီး အကြံတွေရေးကြပေးကြလွန်းလို့  တင်မိလိုက်တာပါ” ဆိုပြီး ပြန်ပြောထားတာကိုလည်း တွေ့ရပါတယ်။ပရိသတ်ကြီးကရော မလှနုရဲ့ စာတွေအပေါ်မှာ ဘယ်လိုမြင်မိပါသလဲ၊ ပရိသတ်ရဲ့ အမြင်လေးကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြသွားပေးပါဦးနော်။

POPULAR POSTS

ads