အကယ်ဒမီခန့်စည်သူနဲ့ အက်ရှင်မင်းသမီးလေး ယဉ်လတ်တို့နှစ်ယောက်ရဲ့ ကြည်နူး စရာအချစ်ဇာတ်လမ်းလေးဟာ မကြာခင်မှာပဲ ပရိသတ်တွေ ရှေ့ကိုရောက်ရှိလာတော့ မှာပဲဖြစ်ပါတယ်
အကယ်ဒမီခန့်စည်သူနဲ့ အက်ရှင်မင်းသမီးလေး ယဉ်လတ်တို့နှစ်ယောက်ရဲ့ ကြည်နူး စရာအချစ်ဇာတ်လမ်းလေးဟာ မကြာခင်မှာပဲ ပရိသတ်တွေ ရှေ့ကိုရောက်ရှိလာတော့ မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဦးနဲ့ကလေးရဲ့ ချစ်ခြင်းမေတ္တာတွေကို မြင်တွေ့ရမှာဖြစ်ပြီး အသက်ကြီးကြီး ဦးလေးကြီးနဲ့ ချစ်စရာကောင်းတဲ့ သွက်သွက်လက် လက်အရွယ် ကလေးတို့ရဲ့ အချစ်ဖြစ်ပေါ်လာပုံလေးကို ရင်ခုန်ချင်စရာရိုက်ကူးထားတာ ဖြစ်လို့ ပရိသတ်တွေလည်း ကြည့်နေရင်းနဲ့ ကြည်နူးရမှာအသေအချာပါပဲ။
ခန့်စည်သူတစ်ယောက် လူပျိုကြီးပန်းမွှေးအဖြစ်နဲ့ သရုပ်ဆောင်ထားပြီး ယဉ်လတ်ကို တော့ အပျိုလေးစွာတေးအဖြစ်နဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ နှစ်ယောက်သား ဘယ်လို တွေ Ro ဆန်ပြီး ပရိသတ်တွေကို အသည်းယားအောင်လုပ်ဦးမလဲမသိဘူးနော်။ သူမတို့ နှစ်ယောက်ရဲ့ ရိုက်ကွင်းပေါ် က နှစ်ယောက်အတူတူ ရင်ခုန်ကြည်နူးဖွယ် စက်ဘီးစီး နေတဲ့ ဇာတ်ဝင်ခန်းပုံရိပ်လေးကို ယဉ်လတ်က သူမရဲ့လူမှုကွန်ယက်ကနေတဆင့် ဝေမျှလိုက်တာပဲဖြစ်ပါတယ်။သူမတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးကို ” လူပျို ကြီး ပန်းမွှေးနဲ့ အပျိုလေးစွာတေး ဖြစ်ခဲ့စဉ် ကလေး နဲ့ ဦး … Lol ဒီကားလေး ကြည့်ရပါတော့မယ် နော် မျက်ခြယ် ရုပ်ရှင်ထုပ်လုပ် ရေးကနေ ဖြန့်ချိမှာပါနော် အားပေးကြည့်ရှုပေးကြပါဦးနော် အားလုံးကိုအရမ်းချစ်ပါ တယ်နော် ပုံ/ ချစ်ရပါသော ကလေး ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်ကားလေး ထွက်လာရင် ပရိသတ်ကြီးလည်း အားပေးလိုက်ပါဦးနော်။
Thursday, November 21, 2019
ကလေးနဲ့ဦးရဲ့အချစ်တွေကိုဖော်ထုတ်လိုက်ပြီဖြစ်တဲ့ ခန့်စည်သူနဲ့ ယဉ်လတ်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity