Breaking

Wednesday, November 13, 2019

အမြွှာပူးလေးယောက်မွေးမယ်ဆိုတဲ့ အဆိုတော်ပိုပို

 အဆိုတော်ပိုပိုဟာ အများနဲ့မတူတဲ့အသံလုံးကြီးကြီးနဲ့ ချိုမြတဲ့ဆိုဟန်ကြောင့် လူငယ်ပရိသတ်တွေကြားမှာရေပန်းစားအောင်မြင်လာသူတစ်ဦးဖြစ်ပါတယ်။ “အရင်လိုပါပဲ.. ငါစိတ်ကမင်းဆီပဲရောက်နေတယ်..။ ဘယ်ဆီကိုများ နင်လျှောက်လို့သွားနေလဲ အချစ်ရယ်”ဆိုတဲ့သီချင်းစာသားလေးဟာ လပေါင်းများစွာကြာအောင် ပရိသတ်တွေရဲ့နှုတ်ဖျားမှာနေရာယူထားခဲ့တာပါ။ အချစ်သီချင်းတွေရေးနေတဲ့ပိုပိုဟာ လောလောဆယ်မှာတော့ တစ်ကိုယ်တည်းအပျိုကြီးပါပဲတဲ့။ ပိုပိုက Media တွေနဲ့ Interview မှာ အချစ်ရေးအကြောင်းနဲ့ အိမ်ထောင်ရေးအကြောင်းတွေကိုဖြေကြားသွားပါတယ်။

 ပိုပိုက ပရိသတ်တွေသိချင်နေတဲ့ သူမရဲ့အချစ်ရေးကို “ပိုပိုက အဲဒီယောက်ျားကိုချစ်ပြီဆိုရင်တော့ တစ်မျိုးပေါ့နော်။ ဒါပေမယ့် ပြောရမယ်ဆိုရင်တော့ ချစ်ခြင်းမေတ္တာများကင်းမဲ့နေသော မိန်းမဖြစ်နေတယ်”ဆိုပြီးတော့ ရယ်မောရင်းဖြေကြားထားသလို လူတစ်ယောက်ကိုတစ်ဖက်သတ်ချစ်နေမိကြောင်းလည်း “ကိုယ်ကြိုက်တဲ့ကောင်လေးတော့ရှိတာပေါ့နော်။ ဒါပေမယ့် ကြိုက်ရုံပဲဘာမှမပြောဘူး။ သူလည်းကိုယ့်ကိုဘာမှလာမပြောဘူး။ကိုယ်လည်းဘာမှမပြောဘူး။ သူကကောင်မလေးရှိတယ်။သူ့ကောင်မလေးရှိတဲ့အတွက်ကြောင့်ကိုယ်ကတစ်ဖက်သတ်ပဲကြိုက်ရတာပါ။ ကိုယ်ကကြိုက်ရုံပဲကြိုက်ပြီးတော့ သူလည်းမသိပါဘူး။”လို့ ပြောပြထားပါတယ်။

ပိုပိုက ရည်းစားရှိတဲ့ကောင်လေးကိုကြိုက်မိပေမယ့် စနိုက်ကြော်လည်းမဖြစ်ချင်ဘူးဆိုတဲ့အကြောင်းကို “သူသိဖို့လည်းမလိုတော့ပါဘူး။ ဘာလို့ဆိုတော့ ရည်းစားရှိတဲ့လူတစ်ယောက်ကို ကိုယ်က စနိုက်ကြော်လည်းမလုပ်ချင်ပါဘူး”လို့ ဖြေကြားထားပါတယ်။ တကယ်လို့များ ယောက်ျားယူဖြစ်ခဲ့ရင်တော့ အမြွှာပူးလေးယောက်မွေးချင်ပါတယ်တဲ့။ “အမြွှာပူးနှစ်ခါမွေးမယ်။လေးယောက်မွေးမယ်။ ပိုပို့ကလေးတွေမွေးလို့ရှိရင် စဉ်းစားတာပေါ့နော်။ ဘောလုံးသမားလုပ်ခိုင်းမယ်။ဘောလုံးသမားက ပိုက်ဆံအရမ်းရတာ။
နာက်ပြီးတော့ နိုင်ငံခြားမှာပဲအဆိုတော်လုပ်ခိုင်းမယ်။ ဒီမှာက အနုပညာရှင်တွေကပိုက်ဆံသိပ်မရဘူး။မွေးကတည်းကနိုင်ငံခြားမှာထားထားမှာ ပြီးတော့ နိုင်ငံခြားမှာပဲသူတို့ကိုအော်မြင်အောင်လုပ်ခိုင်းလိုက်တော့မယ်လေ။” လို့ ချစ်စဖွယ်ပွင့်ပွင့်လင်းလင်းဖြေကြားထားပါတယ်။ပရိသတ်ကြီးရော.. အဆိုတော် ပိုပို့ကိုချစ်ကြလား။ ပိုပိုတစ်ယောက်အချစ်ရေးအဆင်ပြေပြီး အမြွှာပူးလေးယောက်မွေးချင်တဲ့ ရည်မှန်းချက်တွေပြည့်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

POPULAR POSTS

ads