Breaking

Saturday, November 30, 2019

ဒီဇင်ဘာမှာ သူ့ အချစ်တွေနဲ့ နွေးထွေးချင်တယ်ဆိုတဲ့ ဝင့်ယမုံနိုင်

 The Sign Of Love ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှု တခဲနက်ရရှိခဲ့တဲ့ မာယာချိုလေးကို Cele Connections ပရိသတ်ကြီးသိမှာပါနော် ။ ဗီလိန်ဇာတ်ရုပ်ကို သရုပ်ဆောင်ပြီး ပရိသတ်တွေအချစ်ကို သိမ်းပိုက်ခဲ့တဲ့ မာယာချိုလေးကတော့ အခုဆို ဇာတ်လမ်းတွဲတွေအများကြီး ရိုက်ကူးနေသလို ပရိသတ်အားပေးမှုတွေလည်း အများကြီးရရှိနေပြီဖြစ်ပါတယ် ။ ပရိသတ်ချစ်တဲ့ ယမုံလေးက သူမရဲ့နေ့စဉ်လှုပ်ရှားမှုတွေ လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးနေကြသူတစ်ယောက်လည်းဖြစ်ပါတယ် ။

 ဒီတစ်ခါမှာတော့ ချမ်းအေးတဲ့ ဒီဇင်ဘာလ ဆောင်းရာသီကိုရောက်တော့မယ်ဆိုတော့ ယမုံလေးတစ်ယောက် သူမရဲ့ ပရိသတ်တွေကို ချွဲလိုက်ပြန်ပါပြီနော် ။ ” ဒီဇင်ဘာရေ …. သူ့ အချစ်တွေနဲ့ နွေးထွေးချင်မိတယ် ” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ အလှပုံလေးကို ဖေ့ဘုတ်စ်စာမျက်နှာထက်မှာတင်ခဲ့တာဖြစ်ပါတယ် ။ ယမုံလေးက ဘယ်သူ့ဆီက အချစ်တွေ နဲ့နွေးထွေးချင်နေတာလဲ ဆိုတာတော့မသိပါဘူးနော် ။ ပရိသတ်တွေကတော့ သူတို့ရဲ့အချစ်တွေနဲ့ နွေးစေရပါမယ်လို့ မှတ်ချက်တွေပေးနေကြတာပါ ။


အချစ်ရေးနဲ့ပတ်သက်ပြီး သတင်းတွေငြိမ်နေတဲ့ ယမုံက ဘယ်သူ့ဆီက အချစ်တွေနဲ့ နွေးထွေးချင်နေလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ပရိသတ်ကြီးရေ ..။ Cele Connections ပရိသတ်ကြီးအတွက် အချစ်တွေနဲ့ နွေးထွေးချင်နေတဲ့ မာယာချိုလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်တယ်နော် ။

Source : Wint Yamone Naing
credit-Molly ( Cele Connections)

POPULAR POSTS

ads