Breaking

Wednesday, November 13, 2019

တောင်ငူမြို့ နန်းတည်ခြင်း (၅၀၉) နှစ်ပြည့် အခမ်းအနားမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ဟိန်းဝေယံရဲ့ ပုံရိပ်များ

 ဟိန်းဝေယံဟာ သူရဲ့ချောမောပြေပြစ်တဲ့ မင်းသားတစ်ယောက်လို ရုပ်ရည် အဆင်းမျိုးကိုပိုင်ဆိုင်ထားသူဖြစ်ပြီး ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ အမြဲလိုလို သန့်ပြန်နေတတ်ပြီး အနုပညာအလုပ်ကိုတစိုက်မတ်မတ်ကြိုးစားလုပ်ကိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခြင်းကို အပြည့်အဝရရှိနေသူလည်းဖြစ်ပါတယ်။

 နှစ်စဉ်နှစ်တိုင်း ဆိုသလိုကျင်းပပြုလုပ်နေကြဖြစ်တဲ့ ကေတုမတီ (တောင်ငူ)မြို့ နန်းတည်ခြင်း အခမ်းအနားပွဲတော်ကြီးမှာ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဟိန်းဝေယံဟာပါဝင်ဆင်နွှဲ သရုပ်ဖော်ပေးခဲ့တာလည်းဖြစ်ပါတယ်။နှစ်စဉ်နှစ်တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပမြဲဖြစ်တဲ့ တောင်ငူကေတုမတီမြို့တည်နန်းတည်ပွဲတော်ကြီးကို (၁၁.၁၁.၂၀၁၉) တန်ဆောင်မုန်းလပြည့်နေ့ကျင်းပခဲ့တာဖြစ်ပြီး အခုအခါမှာ အကြိမ်ပေါင်း (၅၀၉) ကြိမ်မြောက်လည်းဖြစ်ပါတယ်။




ဒီပွဲကြီးဟာ တောင်ငူမြို့ရဲ့ အစည်ကားဆုံးပွဲတစ်ပွဲဖြစ်ပြီး ဒီပွဲကြီးမှာ ပြည်သူချစ်အနုပညာရှင်တွေဖြစ်တဲ့ ရဲအောင်၊ ခိုင်သင်းကြည်၊ ဟိန်းဝေယံ၊ စိုးပြည့်သဇင်၊ ကျော်ကျော်ဗိုလ်၊ တို့အပါအဝင် အခြားအနုပညာရှင်တွေနဲ့ အခြားသောအနုပညာဖျော်ဖြေပွဲတွေပါ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။
ဟိန်းဝေယံဟာ ပြည်သူချစ်အနုပညာတစ်ယောက်ဖြစ်သလို အချစ်ရေးကလည်း အေးဆေးတည်ငြိမ်နေပြီး အနုပညာအလုပ်ကိုသာ တစိုက်မတ်မတ်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ မိုမိုလေး ပရိသတ်တွေလည်း ဟိန်းဝေယံကို အားပေးရင် Like & Share လုပ်သွားကြပါအုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှ ကျေးဇူးတင်ရှိပါတယ်။

Ref:Hein Wai Yan's FB
Leo

POPULAR POSTS

ads