အထက်တန်း English သင်ခန်းစာထဲကJim Bishop ရဲ့ Dreams Do Come True ဆိုတဲ့ သင်ခန်းစာလေးကို အားလုံးပဲ မှတ်မိကြဦးမယ် ထင်ပါတယ်။ စိတ်ကူးယဉ်သမားနှစ်ယောက်ဖြစ်တဲ့ သားအမိနှစ်ယောက်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကြောင်းလေးကို အခြေပြုပြီး ကျနော်တို့ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုထဲမှာ တကယ့်ကို စိုးမိုးမှုရှိနေပါတယ်။ တကယ့်ဘဝထဲမှာလည်း မမျှော်လင့်ထားတဲ့ ဘဝရဲ့ စိတ်ကူးယဉ်အိမ်မက်တွေဟာ တကယ်ဖြစ်လာတတ်ပါတယ်။ အဲ့ဒီလို ဖြစ်လာတဲ့အချိန်တွေမှာတော့ တကယ့်ကို ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ အမှတ်တရတွေဖြစ်နေမှာပါ ။
အခုကျနော်တို့ရဲ့ အချစ်တော် သရုပ်ဆောင် ၊ အဆိုတော် ဖြစ်ရုံတင်မကဘဲ စာရေးပါကောင်းတဲ့ ဇဏ်ခီ တစ်ယောက်လည်း သူရဲ့ အမှတ်တရ ဖြစ်ခဲ့ရတဲ့နေရာတစ်ခုကို မတူညီတဲ့အခြေနေတစ်ခုနဲ့ ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်လေးကို သူရဲ့ ချစ်ဇနီးဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီက သူရဲ့ အကောင့်ကနေ “တချိန်က ဝင်းလိုက် ရုပ်ရှင်ရုံမှာ ဝင်ဝင်ဆော့နေတဲ့ ကလေးလေးတယောက်ဟာ ဒီနေ့ ညနေ မှာ အဲ့ ရုပ်ရှင်ရုံမှာ အနုပညာသမားတယောက်အနေနဲ့ ပရိတ်သတ်ကို လက်မှတ်လာထိုး တွေ့ဆုံရသူဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲနော်??အိမ်မက်တွေဟာ မက်ခွင့်ရှိသလို အိမ်မက်တွေကိုလည်း အကောင်အထည်ဖော်ခွင့်ရှိပါတယ်…”ဆိုပြီး ဇဏ်ခီရဲ့ ပုံလေးနဲ့တွဲပြီး တင်ထားပါတယ်။
ပုံလေးထဲမှာတော့ ဇဏ်ခီရဲ့ ပုံစံလေးကလည်း ကလေးလေးတစ်ယောက် သူလိုချင်တဲ့အရုပ်ကလေး ရလို့ပျော်နေတဲ့ပုံစံမျိုးလေးနဲ့ ချစ်စရာကောင်းနေတာကို အားလုံးလည်း မြင်ကြလိမ့်မယ်ထင်ပါတယ်။ သူတို့ရဲ့ တတိယမြောက် ရုပ်ရှင်ကားကြီးဖြစ်တဲ့ ထာဝရနှောင်ကြိုးရဲ့ ရုံတင်ရက်တွေမှာ နယ်အစုံကို လှည့်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံပြီး အမှတ်တရ လက်မှတ်ထိုးတာတွေဘာတွေ ပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။ နယ်တွေမှာလည်း ပရိသတ်တွေကို အားပါးတရ ကြိုဆိုကြပြီး အားပေးဝန်းရံတဲ့ အင်အားတွေဟာလည်း တကယ့်ကို သြချလောက်တဲ့ အခြေအနေပါပဲ ။ ထာဝရနှောင်ကြိုး ဇာတ်ကားကြီးကို ကြည့်ပေးသွားတဲ့သူတွေလည်း မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို ပြန်လည် မျှဝေပေးသွားကြပါဦးနော် ။
Friday, November 8, 2019
ဇဏ်ခီရဲ့ ကလေးဘဝ အမှတ်တရတစ်ခုကို ပြောပြလိုက်တဲ့ ခရစ္စတီးနားခီ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity