Breaking

Friday, November 29, 2019

နူးညံ့တဲ့ အလှပုံရိပ်တွေနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို ခြွေလိုက်တဲ့ နေခြည်ဦး

 အလှအပနဲ့ပတ်​သတ်​တဲ့ အ​ကြောင်းအရာ​တွေကို​ သူမကိုယ်တိုင် အချိန်ပေးလေ့လာပြီး ပရိသတ်တွေကို ဝေမျှ​ပေး​လေ့ရှိတဲ့ သရုပ်ဆောင်၊ Beauty Blogger မ​လေး​ နေခြည်​ဦးက​တော့ ပွင့်​လင်းတဲ့ စိတ်​ဓာတ်လေး​နဲ့ အနုပညာမှာ ထူးချွန်လွန်းတာကြောင့်​ပါ အောင်မြင်မှုတွေ တစ်​နေ့တစ်​ခြား ပိုပိုပြီးတိုးလာတာပါ။ လတ်​တ​လောမှာ​တော့​နေခြည်​ဦးက မိန်းကလေးဆန်တဲ့ ဖက်​ရှင်​နဲ့ အရမ်းကို လှနေတဲ့ သူမရဲ့ချစ်စရာပုံရိပ်​တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ အမြဲဂေါ်နေတဲ့ ချီချီလေးကတော့ အခုလို တည်တည်ငြိမ်ငြိမ်ဖက်ရှင်လေးနဲ့လည်း အရမ်းကို နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းနေတာပါနော်။


 နေခြည်ဦးကတော့ "I feel so blessed meeting them again 💚🇲🇲 We will develop LOVE, we will practice it, we will make it both a way a basis -Buddha  🙏🏽"  ဆိုပြီး နူးနူးညံ့ညံ့နဲ့ လှရက်လွန်းနေတဲ့ သူမရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို ပြုလုပ်ဖြစ်နေတဲ့ နေခြည်ဦးကတော့ ရုပ်ရှင်ဇာတ်ကားတိုင်းလိုလိုမှာ အဓိကခေါင်းဆောင်မင်းသမီးတစ်ဦးအနေနဲ့ သရုပ်ဆောင်ရပြီး၊ ပရိသတ်တွေကို သူမရဲ့အနုပညာစွမ်းရည်တွေ ပြသထားနိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။

နေခြည်ဉီးကတော့ လက်ရှိမှာ ရုပ်ရှင်တွေ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး၊  သူမဝါသနာပါရာ Beauty blogger အလုပ်ကိုလည်း အချိန်ပေးပြီး လုပ်ကိုင်နေတာ တွေ့ရပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့တော့ နေခြည်ဦးက မိုရီဆာကီဝင်းနဲ့အတူ "အိမ်မက်တွေမိုးထားတဲ့ အိမ်" ဇာတ်လမ်းတွဲကို ရိုက်ကူးဖြစ်နေတာပါ။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း ဖက်ရှင်ရိုးရိုးလေးနဲ အရမ်းချစ်ဖို့ကောင်းနေတဲ့ နေခြည်​ဦးကို သဘောကျရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Nay Chi Oo's Facebook

POPULAR POSTS

ads